American maigan hkringmang dat kasa Mrs Clinton Myen mung du

မစ္စကလင်တန်နှင့် အဖွဲ့သည် ကြာသပတေးနေ့တွင် သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က “ဒီခရီးစဉ်က အမေရိကန်- မြန်မာဆက်ဆံရေးမှာ သမိုင်းတခုပဲ၊ ဘက်ပေါင်းစုံတိုး တက်မယ်လို့ မြင်တယ်” ဟု ဆိုသည်။


KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က “မစ္စကလင်တန် အနေနဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့ လိုတယ် ဆိုတာကိုတော့ မြန်မာ အစိုးရကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ်” ဟု ပြောသည်။

နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဆွေးနွေး ဟု KIO ပြော Click on++

Read more++click on (1)
Read more++click on (2)
Read more++click on (3)
Read more++click on (4)
Read more++click on (5)

နိုဝင်ဘာလ ၂၈ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုင်ဂျာယန်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် စာသင်ကျောင်း ၁၀ ကျောင်းခန့်ကို ကချင်လွတ်မြောက်ရေးအဖွဲ့-KIO မှ ယနေ့ စပိတ်လိုက်ပြီဟု မိုင်ဂျာယန်ဒေသခံများက ပြောသည်။

အဆိုပါ ဒေသရှိ ကလေးမူကြိုကျောင်းများ အပါအ၀င် မိုင်ဂျာယန်မြို့ရှိ အထက်တန်းကျောင်းနှင့် မိုခါ၊ ပရန်ခူတုန်၊ မခန်၊ ပရာဝါ၊ ၀င်းခါး၊ ဆိုင်မိုင်ပါ ရွာများမှ မူလတန်း၊ အလယ်တန်းကျောင်းများ ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ မိုင်ဂျာယန် အမျိုးသမီးတဦးက ကေအိုင်စီသို့ ပြောသည်။

“တိုက်ပွဲကတော့ အကြီးအကျယ် ဖြစ်လာနိုင်တဲ့အတွက် KIO က အဲဒီကျောင်းတွေကို ပိတ်ဖို့ ပြောလိုက်တာပဲ။ ကျောင်းတွေ ကို ပိတ်ဖို့အတွက် မနေ့ညက ရွာက တာဝန်ရှိလူကြီးတွေနဲ့ အစည်းအဝေးလုပ်တာ ရှိတယ်။ KIO တွေ ပြောတာက ဒီအချီ တိုက်ပွဲဖြစ်မယ်ဆိုရင် အပြင်းအထန် ခံတိုက်မယ်လို့ ကြားတယ်။”ဟု သူမက ပြောသည်။

၎င်းဒေသတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သည့်အပေါ် ဒေသခံရွာသူရွာသားများကလည်း စားနပ်ရိက္ခာနှင့် အိမ်အသုံး အဆောင်ပစ္စည်း အထုပ်အပိုးများ ပြင်ဆင်ထားလျှက်ရှိသည်ဟု သူက ဆက်ပြောသည်။

လက်ရှိ စပိတ်လိုက်သည့် စာသင်ကျောင်းများမှာ KIO မှ ဖွင့်လှစ်ပေးထားသည့် KIO ထိန်းချုပ်နယ်မြေအတွင်းမှ ကျောင်းများ ဖြစ်သည်။

ယခုလ ၂၆ရက်နေ့၌ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်နှင့် ကချင်ပြည်နယ် သျှမ်းပြည်နယ် နယ်စပ်တွင် ကချင်လွတ်မြောက် ရေးတပ်မတော်-KIA နှင့် မြန်မာအစိုးရတပ်အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ စစ်ရဟတ်ယာဉ်ပါ အသုံးပြုခဲ့သည်ဟု သိရသည်။

မိုးမောက်မြို့နယ် မိုင်ဂျာယန်ဒေသသည် KIO တပ်မဟာ(၃) ထိန်းချုပ်နယ်မြေဖြစ်ပြီး လက်ရှိတွင် မြန်မာအစိုးရတပ် တပ်မ (၈၈) လက်အောက်ခံတပ်များနှင့် KIA တပ်မဟာ(၃)တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

by: FB news

Myen tsadan wa gaw simsa lam nga nna grau grau she gasat bang wa nga sai.Karai Kasang e an hte hpe makawp maga la ai majaw chye ju dum ai.matut nna Myu sha ni awng padang lu u ga,yawng kyu jaja hpyi nga ga law.Nsim nsa kyu hpyi nga ga law.
Maigan myu sha ni nkau myi hte hpu nau Hkang,Mon,Myen hpung gyi,Sumlahkrung ning hkring kyaw tu ni pyi an hte Kachin hpe matsan dum myit hte naw karum ya nga ai.An hte jinghpaw wunpawng myu sha nkau myi gaw n garum ai hta n ga myusha shada byet tai nna ding bai ding na jaw nga ai.Karai wa e ndai ni a myit masa galai shai nna myu sha shada lawan zin lum lu u ga kyu hpyi ai law.Dai sadi run ai myusha byet ni Kade a matu wa shakut nga ai kun asan sha chyena shangun ya mi ga law."He sadi run ai byet tai taw ai wa nang," Tinang sai daw sai chyen ni sum machyi jam jau,sihtum wa ai lam hpe nang mu lu nna myit pyaw nga a ni?Lani myi na baw kaw dai nang kam ai Myen tsadan wa adup dumpa kau ya na dum nga a ni?Karai wa e ndai sadi run ni a shu mashi shumasha prat ding sa yu azi je yang ya mi ga law.
-------------------------------

PAN SE SA LAM KAW GAP

November (27) Laban,
November (26) ya jahpawt daw hkying (7:30am) ram hta Wunpawng Mungdan Shanglawt Asuya Ba (5) Ginra rai nga ai Namsan Yang a sinna ding dung mile (2) ram tsan ai Pan Se sa lam gaw KIA myu tsaw share shagan ni hte myen asuya a hka-ma-ya (384) na hpyen hpung ni gasat lai wa sai lam na chye lu ai. N dai hta myen maga na (2) si hkrum wa sai lam hpe mung matut chye lu ai.

-----------------------
SHA EIT PA KAW GAP

November (27) Laban,
Wunpawng Mungdan Shanglawt Asuya a Dap Ba (5) ginra rai nga ai Wu Yan sa lam Sha Eit pa kaw Ginjaw Shim Hpung na Dujum Brang Dut woi awn ai myut saw hpyen hpung ni hte myen asuya dap hka-la-ya (40), hka-ma-ya (383), (384) ni November (26) ya jahpawt daw hkying (9:25am) ram hta laja lana gap gasat ai lam na chye lu ai. N dai gasat ai hta KIA myu tsaw share shagan (3) hkrat sum nna, (4) hkala hkrum wa sai lam hte myen maga na hkrat sum ai lam hpe hkrak n chye lu shi ai.

-----------------------

MARU, AU RA KAW MYEN HPE HKAP GAP

November (27) Laban,
Wunpawng Mungdan Shanglawt Asuya a Dap Ba (3) ginra rai nga ai Sinlum Kaba kawn Maru, Au Ra de yu wa ai myen hpyen hpung ni hpe KIA myu tsaw hpyen hpung ni November (26) ya shana de hkying (6:30pm) ten hta hkap gap ai majaw gasat poi byin wa sai lam shiga na chye lu ai.


------------------------

HPUNDU KAWNG DE MYEN 10 JAN HKRAT

November (27) Laban,
November (26) ya shani daw hkying (2:00pm hte (3:00pm) lapran Wunpawng Mungdan Shanglawt Asuya a Dung (1) na KIA myu tsaw share shagan ni hte mung shawa hpyen hpung (MHH) ni gaw Kaihtik makau Hpundu Kawng mayan hta myen asuya hpyen hpung ni hte gap gasat ai lam byin wa sai lam na chye lu ai. Myen maga na marai (10) jan hpe lu gap kau sai lam mung na chye lu ai.

----------------------

MAM CHYANG HTE GAI HTAU KAW GAP

November (27) Laban,
Wunpawng Mungdan Shanglawt Asuya a Dung (27) gin rai rai nga ai Mam Chyen hte Gai Htau maga de Dung (27) na KIA myu tsaw share shagan ni hte myen asuya hpyen dap tat-ma (99), (11) pawng hpawm dap ni hte November (26) ya jahpawt daw hkying (10:30am) ram hta laja lana gasat lai wa sai lam na chye lu ai. N dai gasat poi hta myen de na marai (20) jan si hkrum wa sai lam hpe mung na chye lu ai.
---------------------

DU KABA TU JA WOI AWN HPUNG NI MYEN HTE GASAT

Wunpawng Mungdan Shanglawt Asuya a Dap Dung (15) ginra rai nga ai Mamda, Hpakawn, hte Hka Rawm kawng ni hta ZD 254 na Du Kaba Tu Ja woi awn ai KIA myu tsaw share shagan ni kawn myen tai hpyen ni hte November (26) ya shana de (5:30pm) ten hta gap gasat lai wa sai lam shiga na chye lu ai.

--------------------

SHAKUM YANG KAW GASAT

November (27) Labang,
Wunpawng Mungdan Shanglawt Asuya Dung (3) na KIA myu tsaw share shagan ni gaw Shakum Yang hkau na pa de du nga ai myen asuya tat-ma (88) hpyen hpung ni hte November (26) ya shadaw de maga hkying (3:40pm) ram hta gasat lai wa sai lam shiga na chye lu ai.

---------------------
DUNG (36) GAP, MYEN (6) HKRAT

Noveber (27) Laban,
Sam Mung Muse maga de htu lung wa ai myen hpyen hpung ni hpe Sam Mung daju Dap Ba (4) npu, Dung (36) myu tsaw share shagan ni November (25) ya shani hkying (11:30 am) ten hta Munggu lam , Nawgu, Namsu hte Munggu Manje shara (3) hta ambush hkap gap gasat ai lam na chye lu ai. N dai zawn hkap gap gasat ai hta myen hpyen la marai (6) si nna, marai (4) hkala hkrum ma ai lam na chye lu ai. Munggu Manje makau hta hkap gap ai hta myen ni gaw shanglawt hpyen la ni hpe tam n mu jang, Kawng Kang mare maga de myawk-motar ni hte gap bang wa lam hpe mung na chye lu ai. Matut nna, Hpawng Seng lam de mung myen hpyen la ni bai htu lung wa nga ma ai lam chye buga masha ni kawn na chye lu ai.


MATUT HTI NA »

Labels: Jinghpaw Mung Shiga

ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။


“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။

ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့် မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျီမေးလ်၊ ဂျီတော့ပ်အား တိုက်ရိုက်ကြည့်ရှု့ခွင့်ရနေသည်ဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ အထက်ပါ ကြားခံဆာဗာသုံးခုအား ဖြတ်ကျော်ပြီးမှသာလျှင် ကြည့်ရှုရနိုင်ခြင်း ဖြစ်သည်။


ယင်းကြားခံ ဆာဗာသုံးခု မှာလည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းဖြစ်ကာ ယင်းတို့မှ အဆင့်ဆင့် ဖြတ်ကျော် ဝင်ရောက်ရခြင်းဖြစ်သည်။




မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့စ်ဟူ၍ အင်တာနက် ဝန်ဆောင်မှု ပေးသည့် Internet Service Provider – ISP နှစ်ခုရှိပြီး ယင်းအထက်တွင် ဟံသာဝတီ National Gateway ရှိသည်။

ယင်းနောက် ၂ဝ၁ဝ နောက်ပိုင်းတွင် စစ်အစိုးရက အင်တာနက်လိုင်းစနစ်အား ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ပြောင်းလဲ လိုက်သည့် ISP စနစ်သစ်တွင် MPT နှင့် ကာကွယ်ရေးဝန်ကြီးဌာန MOD ISP ဟူ၍ ပင်မနှစ်ခု ဖြစ်လာကာ ရတနာပုံ တယ်လီပို့စ် ISP အား MPT လက်အောက်သို့ ပြောင်းလဲထားရှိခဲ့သည်ဟု ပြည်ပ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်း ထုတ်ပြန်ခဲ့သည့် “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” စာတမ်းတွင် ပါရှိသည်။

“တယောက်ချင်းစီ စစ်စရာမှ မလိုဘူးလေ။ ကိုယ်လိုချင်တဲ့ အကောင့်ကို ဖွင့်ရုံပဲ။ ဘယ်သူ ဘယ်လိုင်း သုံးတယ်ဆိုတာ ဆာဗာထဲမှာ အကုန်ရှိတယ်လေ။ ဆာဗာတွေက ISP လက်အောက်မှာ ရှိတာ။ လုပ်ပိုင်ခွင့်က ISP မှာ အပြည့်ရှိတယ်။ ISP မှာ ဘယ်သူ ဘာဆိုတာ အကုန်ရှိပြီးသား။ လုပ်ချင် လွယ်လွယ်လေးပေါ့။” ဟု ကိုမောင်မောင် က ဆိုသည်။

အစိုးရအနေဖြင့် အင်တာနက်သုံးစွဲသူ၏ သုံးစွဲမှုမှတ်တမ်းအား စစ်ဆေးမည်ဆိုပါက ဆာဗာအသီးသီးရှိ Main Memory (ပင်မ မှတ်တမ်းသိုမှီးရာနေရာ) မှသာမက Cache Memory ဟုခေါ်သည့် သီးခြားမှတ်တမ်း သိုမှီးရာ နေရာမှလည်း လွယ်လင့်တကူ စောင့်ကြည့် စစ်ဆေးနိုင်သည်။

မြန်မာ့အင်တာနက်လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာတဦးအဆိုအရ အစိုးရအနေဖြင့် အင်တာနက် သုံးစွဲသူ အားလုံး ကို စောင့်ကြည့်လေ့ရှိခြင်းမဟုတ်ဘဲ ထင်ရှားသူများ၊ ပစ်မှတ်ထားခံရသူများကို စောင့်ကြည့်ခြင်းဖြစ်ကာ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်းတွင် စောင့်ကြည့်မှု လျော့ပါးလာသည်ဟု ဆိုသည်။

“ နိုင်ငံခြားသူတယောက် ပြောပြတယ် ကျနော့်ကို။ ရန်ကုန်သွားတော့ သူ ဂျီမေးလ် အသစ်တခုဖွင့်ပြီး သုံးတာ။ သူလည်း အစိုးရ မကောင်းကြောင်းတွေရေးတော့ ရက်ပိုင်းအတွင်း သူ့မေးလ် ပိတ်သွားတယ်တဲ့။ ” ဟု ပြည်ပ သတင်းဌာနတခုတွင် လုပ်ကိုင်နေသူ ချင်းမိုင်အခြေစိုက် အိုင်တီသမား ကိုထွန်းထွန်းအောင်က ပြောသည်။


သုံးစွဲသူအနေဖြင့် မည်မျှပင် လုံခြုံရေးစကားဝှက် Password ပြောင်းလဲထားစေကာမူ သုံးစွဲသူ၏ မှတ်တမ်းအားလုံးမှာ ဆာဗာတွင် ကျန်ရစ်မည်ဖြစ်၍ မလုံခြုံနိုင်ခြင်း ဖြစ်သည်။

အစိုးရပိုင်းမှ စောင့်ကြည့်ခြင်း၊ ဖောက်ထွင်းခြင်းများ ရှိ၊ မရှိဆိုသည်ကိုမူ သေချာမသိသော်လည်း ထင်ရှား ကျော်ကြား သူအချို့ မည်သည့်ဝက်ဘ်ဆိုက်ကြည့်သည်၊ မည်သည့်သူနှင့် ဆက်သွယ်သည်ကိုမူ IP Address မှတ်သား၍ အာဏာပိုင်များသို့ သတင်းပို့ရလေ့ရှိသည်ဟု ရတနာပုံတယ်လီပို့စ် ဝန်ထမ်းဟောင်း တဦးထံမှ သိရသည်။

“စာရင်းကတော့ အတိအကျ မရှိဘူး။ ၅ဝ လည်း ဖြစ်ရင် ဖြစ်မယ်၊ ၁ဝဝ လည်း ဖြစ်ရင် ဖြစ်မယ်။ ဥပမာ ဘုန်းကြီး အရေးအခင်းဖြစ်မယ်ဗျာ။ ဘုန်းကြီးအရေးအခင်းဖြစ်တုန်းကဆိုရင် သူတို့ စောင့်ကြည့်ရမယ့်သူတွေ အများကြီးပဲ။ အယောက် ၂၀၀ လောက်ဖြစ်ရင် ဖြစ်သွားမယ်။




သာမန်ကတော့ အရေးကြီးတဲ့ အန်တီစုတို့ ဘာတို့ကတော့ Report အမြဲတမ်း လုပ်နေရမှာပေါ့နော်။” ဟု ရတနာပုံ တယ်လီပို့စ် ဆာဗာအင်ဂျင်နီယာဟောင်းတဦးက မဇ္ဈိမကို ပြောသည်။

စောင့်ကြည်ခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးတပ် (ကက-ဆက်) မှ စစ်ဘက် အရာရှိ အများစု ပါဝင်သည့် Net Security ကဲ့သို့သော အင်တာနက်လုံခြုံရေးဌာနမှ လုပ်ကိုင်ခြင်းဖြစ်ကာ အဓိက အားဖြင့် နိုင်ငံရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများကို စောင့်ကြည့်ခြင်း ဖြစ်သည်။


ယခုကဲ့သို့ လုပ်ဆောင်ခြင်း များအတွက် အသုံးစားရိတ်ကို စစ်ဘက် အသုံးစားရိတ်များတွင် ထဲ့သွင်း ဖော်ပြလေ့ရှိသည်။

စောင့်ကြည့်ခံရသူ အရေအတွက်မှာမူ အတိအကျမရှိနိုင်သော်လည်း ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားမှု တစုံတရာ ဖြစ်ပေါ်ပါက စောင့်ကြည့်ခံရသူ များပြားနိုင်ပြီး သာမန်ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ လူရွှင်တော် ဇာဂနာ ကဲ့သို့သော သူများမှာ စောင့်ကြည့်ခံရနိုင်ဖွယ်ရှိသည်ဟု အင်ဂျင်နီယာက ခန့်မှန်းထားသည်။ ထိုသူမှာ အဓိက အားဖြင့် Network


ပိုင်းဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းရေး၊ တဦးနှင့် တဦး မေးလ်ပို့ရာတွင် မှန်ကန်ကြောင်းဆိုင်ရာ မှတ်ပုံတင်ခြင်း Certificate Authority ပိုင်းဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။




အင်တာနက် သုံးစွဲသူ အများစုအား ဝန်ဆောင်မှုပေးနေသည့် ရတနာပုံတယ်လီပို့စ်တွင် Net Security, Proxy, Mail, CA – Certificate Authority Team စသည်ဖြင့် ဌာနခွဲပေါင်းများစွာ ထားရှိ၍ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကိုလည်း MPT မှ သတ်မှတ်ပေးကြောင်း သိရသည်။ ဆာဗာလုံခြုံရေးနှင့် စောင့်ကြည့်ရေးပိုင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် မိမိ၏ ဌာနမဟုတ်သည့်အတွက် မသိကြောင်း ပြောဆိုသည်။

“MPT ကနေ ချပေးလိုက်တဲ့ လမ်းညွန်ချက်အတိုင်း ဘယ် Port ပိတ်မယ်၊ ဘယ် Port ဖွင့်မယ်ပေါ့နော်။ အဲဒါတွေ ကတော့ အပေါ်က လူကြီးပိုင်းတွေပဲ လုပ်တာလေ။


သူတို့အပေါ်က လမ်းညွန်ချက်က ဒေါက်တာ လွဏ်းဆွေပိတ်မယ်၊ ဒါမှမဟုတ် ဘယ်ဘလော့ဂ်ဆိုက်ပိတ်မယ်ပေါ့။ တခု ပိတ်မယ်၊ ဖွင့်မယ်။ အပေါ်မှာ သူတို့ ဘယ်လို လုပ်တယ်ဆိုတာတော့ ကျနော်တို့ သေချာမသိဘူး။” ဟု ဆာဗာ အင်ဂျင်နီယာဟောင်းက ဆိုသည်။

အစိုးရအနေဖြင့် အင်တာနက် သုံးစွဲခွင့်ပေးထားရာတွင် ဆာဗာအဆင့်ဆင့် ခံထားသည့်အပြင် ယင်းဆာဗာများတွင် DNS Poisoning နည်းလမ်းများသုံး၍ အင်တာနက်သုံးစွဲသူ၏ အချက်အလက်များအား ရယူနိုင်ဖွယ် ရှိသည်ဟုလည်း BMA ၏ စာတမ်းတွင် ပါရှိသည်။

DNS Poisoning ဆိုသည်မှာ ISP ဆာဗာတွင် ကြားခံ စက်ကိရိယာထားရှိ၍ အင်တာနက်အသုံးပြုသူ၏ အချက် အလက်များကို ခိုးယူခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သုံးစွဲသူမှ ရိုက်သွင်းလိုက်သည့် Login ဆိုင်ရာ အချက်အလက်များကို ကြားဖြတ်ယူထားကာ၊ ယင်းမှတဆင့် သက်ဆိုင်ရာ ဆာဗာသို့ ပေးပို့ခြင်း ဖြစ်သည်။

“လုံခြုံရေးကြောင့်ပဲပေါ့။ လိုအပ်ရင် လိုအပ်သလို ထိန်းဖို့လေ။ စစ်သားဆိုတာလုံခြုံရေးပဲ အရင်ကြည့်တာ ဘယ်ခေတ်ရောက်ရောက်။” ဟု ကိုမောင်မောင်က ပြောဆိုသည်။

ယင်းသို့ မိမိ၏ အချက်အလက်များအား ဆာဗာမှ ခိုးယူခြင်းအား ကာကွယ်နိုင်ရန်မှာ Virtual Private Network - VPN ခေါ် ကြားခံဆာဗာတခုမှ မိမိသွားလိုသည့် အင်တာနက်စာမျက်နှာသို့ သွားရောက်ခြင်း ဖြစ်သည်။

VPN မှာ မိမိအသုံးပြုနေသည့်နိုင်ငံရှိ ဆာဗာများကို ဝင်ရောက်ခြင်းမရှိဘဲ အခြားဆာဗာမှတဆင့် မိမိ သွားလိုရာ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ခြင်းဖြင့် ယာယီအကာအကွယ်ဖြစ်စေသလို သီးခြားလျို့ဝှက်ကုတ်ဒ်များဖြင့် ပုံစံပြောင်းအသုံးပြုခြင်း ( Encryption) ဖြင့်လည်း ကာကွယ်နိုင်သည်ဟု အင်တာနက်လုံခြုံရေးသမားများက လမ်းညွှန်ထားသည်။



ဇော်ရှန် (wunpawng) ၂၇ ၁၁ ၂၀၁၁......................


source: Mizzima.com

၂၅ ၁၁ ၂၀၁၁

သမ္မတ ဦးသိန်းစိန် ရဲ့ အထူးကိုယ်စားလှယ် အစိုးရသစ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ကေအိုင်အေဘက်က ကိုယ်စားလှယ်များ ပထမ အကြိမ်တွေ့ ဆုံပြီး ခဲ့ပါတယ် ။
ဒုတိယအကြိမ်အားဖြင့်နောက်အပတ်တွင် အစိုးရသစ် ကိုယ်စားလှယ် များ နှင့် ကေအိုင်အို ကိုယ်စားလှယ်များ ပြန်ပြီး တရုတ်နိုင်ငံ မှာ တွေ့ဆုံဖို့ သဘော တူထားပြီးပြီလို့ သိရပါတယ် ။
အစိုးရ ကိုယ်စားလှယ် နဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးခုတို့ နိုဝင်ဘာ ၁၉ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှု ကို ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ ပါတယ် ။
တွေ့ဆုံမှုမှာ ကချင် KIO မှ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဗဟိုကော်မတီ အဖွဲ့ဝင် ဦးလဖိုင်လ တို့ပါဝင် တွေ့ ဆုံခဲ့ပါတယ် ။
ဒုတိယအကြိမ် တရုတ်နိုင်ငံမှာ တွေ့ ဆုံမူ မှာတော့ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်စန်းဆန့်အောင်နှင့် အဆိုတော် ဦးခဗျာခွန်းအောင်တို့လည်း ပါဝင်မယ်လို့ သိရပါတယ် ။

သိန်းစိန် အစိုးရကတော့ အမြန်ဆုံး အပစ်ခတ်ရပ်ဆဲမှုကို စတင် ချင်ပေမဲ့ KIO ကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုသည်ဟု ထုတ်ဖော်ပြောဆို ထားပါတယ် ။
KIO KIA ကတော့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ခဲ့ပေမဲ့ နိုင်ငံရေး
တိုးတက်မူ မရှိခဲ့သည့်အတွက် နိုင်ငံရေးသဘောတူညီချက် ရရန်
လိုအပ်တယ်လို့ ထောက်ပြထားပါတယ် ။

ဇော်ရှန် (မချမ်းဘော့)Read more click++on
ကေအိုင်အေ သဘောထားများ ဆက်လက်ဖော်ပြမည် ။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ရပ်စဲရေး ဆုတောင်းပွဲနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကူညီပေးရေးလှူဒါန်းပွဲကို မန္တလေးအခြေစိုက် လူမှုကူညီရေးအဖွဲ့များက ယနေ့နေ့လယ်၂နာရီခန့်တွင် မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်၌ ကျင်းပသည်။

မန္တလေး အခြေစိုက် အမရသုခ၊ နှလုံးသားဖောင်ဒေးရှင်း၊ အာရှအလင်းရောင်၊ ပီတိမိုး ကောင်းကင် စသည့် လူမှုရေးအဖွဲ့ ၁၅ ဖွဲ့ခန့်မှ နယ်မြေလုံခြုံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ကူညီရေးနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ခေါင်းစဉ်ဖြင့် ကျင်းပကြောင်း လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

“ကချင်ပြည်နယ်က စစ်ပွဲတွေအတွက် မိဘမဲ့တိုင်းရင်းသား ကျောင်းသားလေးတွေက ငြိမ်းချမ်းရေးဆုတောင်းမယ်၊ ပြီးရင် ပရဟိ တ အဖွဲ့တွေက ငွေသား ကျပ် သိန်း ၃၀ကျော် နဲ့ အ၀တ်အစား၊ အစားအသောက်တွေလှူမယ်”ဟု ၎င်းကဆိုသည်။

ယမန်နေ့ကလည်း ကံတက်ကုန်းမစိုးရိမ် ကျောင်းတိုက်ရှိ မိဘမဲ့တိုင်းရင်းသားကျောင်းသား ၂၀၀ကျော်က စစ်ပွဲ ဖြစ်ပွားရာ ဒေသမှ ကလေးသူငယ်များထံ စိတ်ဓာတ်အားပေးသည့် စာနှင့် ပန်းချီကားများ ပေးပို့ကြကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ခံ စာရေးဆရာများဖြစ်သည့် ဆရာညီပုလေး၊ ဆရာဆူးငှက်၊ ဆရာ ညီစေမင်းတို့လည်း ပြည်တွင်းစစ်နှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ တိုင်းရင်းသားညီအစ်ကိုချင်း ချစ်ကြည်မှုများကို ဟောပြောကြသည်။

ဆရာဆူးငှက်က“မိဘမဲ့ကျောင်းဆိုတော့ ကချင်၊ ကရင်၊ ရှမ်း လူမျိုးစုံပါတယ်၊ ဒါကြောင့် ညီညွတ်ရေးအကြောင်း ဟောတာ”ဟု ပြောပြသည်။

တခြားလူမှုရေးအဖွဲ့တခုဖြစ်သည့် မြင့်မြတ်ဧရာဝတီ လူမှုရေးအဖွဲ့မှလည်း ပြီးခဲ့သည့် ရက်ပိုင်းက မြစ်ကြီးနားဒေသရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမအကြိမ် အလှူငွေနှင့် အစားအသောက်၊ အ၀တ်အထည်များကို ဒေသရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်း များမှ တဆင့်လှူဒါန်းသည်။

ဘ၀အလင်း ပရဟိတနှင့် ရန်ကုန် နာရေးကူညီမှု အသင်းတို့ကလည်း မကြာမီ ကချင်ပြည်နယ်သို့ သွားရောက်လှူဒါန်းရန်ရှိကြောင်း သိရသည်။

ပြီးခဲ့သည် ဇွန်လကတည်းက အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား စတင်ဖြစ်ပွားသည့် တိုက်ပွဲများမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ဆောင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ အ၀တ်အထည် အသုံးအဆောင်များ လိုအပ်နေကြောင်း တရုတ် – မြန်မာနယ်စပ်အခြေစိုက် အကူအညီပေးရေး အဖွဲ့များ အဆိုအရ သိရသည်။

“ထိုးစစ်တွေ ကြောင့် ဒုက္ခသည်တွေပိုများလာတယ်”ဟု တရုတ်- မြန်မာနယ်စပ် မိုင်ဂျာယန်အခြေစိုက် ဒုက္ခသည်များကို ကူညီနေ သည့် ကချင် အမျိုးသမီးအစည်းအရုံး အဖွဲ့ဝင် မိုင်းဂျာ က ဆိုသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာစက ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည် သုံးသောင်းခန့်ရှိသော်လည်း အစိုးရ စစ်တပ်များ တိုးချဲ့လာပြီး တိုက်ပွဲများ ပြင်းထန်လာ၍ ယခုအခါ လေးသောင်းကျော်ရှိလာရာ နေရာချထားရေးနှင့် စားဝတ် နေရေး၊ ရာသီဥတု ဒဏ်ခံနိုင်စေရန်အတွက် အနွေးထည် စသည်တို့ လုံလောက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

By:http://burma.irrawaddy.org/archives/2810

Mani November 24, 2011 ya shani Williamsport, Pa U S A e Chyeju dum poi (Thanksgiving Day) hpe ngwi pyaw awng dang ai hte galaw la lu ga ai. Lamamng tingnyang up hte laksan lakjet hpe Shd. N-Ka Zau Tawng, hkum tsup kyu hpyi hpe Slg.Latsap Hkawng Dau, chyeju shakawn sak se hkam ai lam hpe Slg. Lasham Gam Bung hte Shy. Ann, hkalum ga hpe Slg. Hpauda Tu, hpungdim kyu hpyi ai hpe Shd.Marip Zau Lum, tingse dum shapyaw ya ai hpe Shd.Gawvak Dau Ze ni shanglawm gun hpai lai wa sai hku re.Shawa yawng hku n-na, Give Thanks ngu ai mahkawn hte Htawng seng mangai ta ngu ai mahkawn ni hte Karai kasang hpe chye ju shakawn lai wa sai. A kyu hpyi ai lam hta 1. Karai kasang hpe chyeju dum shakawn ai lam 2.Buga de na padang hkrunlam majan masing a matu 3.Shawnglam majan pa na share shagan ni a matu 4.Hpyen yen tsinyam ni a matu 5.KIO ningbaw ningla ni, magam gun dap ma ji n-ban ni a matu hte magam dap, makan dap shagu a matu akyu jawm hpyi ya ai. Bai lak san chyeju dum lakjet hta mung American Chyeju Dum Poi a lam labau kadun, Mungkan mungdan Ga Da ka ni a Chyeju Dum poi ni hte Wunpawng sha ni a Chyeju Dum Poi a lam shingdaw sawk gahkyin tang madun tsun jahpra lai wa sai. Lamang ngut ai hpang hkyen lajang da ai malu masha jawm sha rai let, myu sha lam yan hte seng ai lam ni hpe tsun jahta let, lamang hpe ngwi pyaw awngdang ai hte galaw la lu saga ai

Anhte jinghpaw ni hpe anhte garum n sa hpyi ra ai sha shanhte a tsawra
myit hte garum madi shadaw ya kam ai n dai Mon hte Hkang Myusha ni hpe
anhte kasi yu la mai nga ai,, Ti nang Myusha ni hkrap ai n sen hpe anhte na
ai zawn manang ni mung na ya nga ai majaw n gun mung lu nga ai,,

Wednesday, 23 November 2011 11:47
Written by ပိုန်အဲာ ( link click on )
ကချင်စစ်ပြေး
ဒုက္ခသည်များကို အကူအညီပေးသွားရန် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော
မွန်လူငယ် ဖောင်းဒေးရှင်း MYF (Mon Youth foundation) ၏ online အစည်းအဝေးတွင်
ဆုံးဖြတ် ခဲ့ပါသည်။ အကူအညီများမှာ ကချင်ဒုက္ခ သည်များ၏ လိုအပ်ချက်အပေါ်
မူတည်ပြီး ကူညီသွားမည်ဟု ဖေါင်ဒေးရှင်းအဖွဲ့ဝင် မွန်လူငယ် တစ်ဦးက ယမာန်နေ့က
ပြောကြားခဲ့ပါသည်။

“ကျမတို့ကတော့ ကချင်အဖွဲ့နဲ့ ဆက်သွယ် နေပါတယ်၊ သူတို့ရဲ့ အကြောင်းပြန်ချက်ကို
စောင့်နေ ပါတယ်။ သူတို့တတွေ ဘာလို နေလဲပေါ့။ ဥပမာဆိုရင် ဒီအချိန်ဟာ အေးလာ
နေပြီလေ၊ အနွေးထည်လိုလား စသဖြင့် ပေါ့နော်။ အဲဒါကို ကူညီဖို့ပါ။ တကယ်တော့
ကချင်လူထုတွေ ခံစားနေရတဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ကို ကျမတို့လည်း ခံစား
ခဲ့ရဘူးတော့ သိတယ်လေ ဘယ်လောက် ခက်ခဲတယ်တာ ဒါကြောင့် ၀ိုင်းပြီး အကူအညီ ပေးဖို့
ဖြစ်ပါတယ်”ဟု ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်သူ မိအိုင်စွန်းက ပြောကြား သွားပါသည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အပစ်အခတ် ရပ်စဲထားရာမှ အစိုးရက ပြန်လည်
တိုက်ခိုက် လာသည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး နှစ်ဖက်အကြား ပြင်းထန်စွာ
တိုက်ပွဲ ဖြစ်လာခဲ့ပါသည်။ ထိုကြောင့် ကချင်ဒေသခံများ သောင်းနှင့်ချီ
သောကချင်အရပ်သား ဒုက္ခသည်များ တရုတ်နိုင်ငံ နယ်စပ်နှင့် လိုင်ဇာ ကချင်ပြည်
လွတ်မြောက်ရေးအဖွဲ့ ဋ္ဌာနချုပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်ပါသည်။

[image: jinghpawshiga]

*ပြည်တွင်းစစ်ဒဏ် ခံရသော ကချင်စစ်ပြေးဒုက္ခသည်များပုံ*
*ဓါတ်ပုံ - kachin-news.blogspot.com*

ဤဒုက္ခသည် များအတွက် အကူအညီမပေးရန်၊ အစိုးရမှ ပြည်တွင်း NGO အဖွဲ့များကို
တားမြစ် ပိတ်ပင်ခဲ့ပါသည်။ ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင်
မလေးရှားနိုင်ငံရောက် ကချင်လူမှု အဖွဲ့အစည်း များက ဒုက္ခသည် ရံပုံငွေတရပ်
ကောက်ခံကာ အကူအညီ ပေးခဲ့သော်လည်း အကူအညီမှာ လိုအပ်နေဆဲ ဖြစ်ပါသည်။ အလားတူ
ကချင် ဒုက္ခများနည်းတူ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော မွန်ဒုက္ခသည်
များကိုလည်း အကူအညီ ပေးသွားမည်ဟု ဆိုပါသည်။

မွန်လူငယ်အဖွဲ့သည် ၂၀၁၀ ဧပြီလ (၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့၏ စစ်ရေးအခြေအနေ တင်းမာမှု၌ ထိုင်းမြန်မာ
နယ်စပ်သို့ မွန်ဒုက္ခသည် (၆၀၀) ကျော် ထွက်ပြေးခဲ့သည့် အချိန်တွင် လိုအပ်နေသည့်
အိမ်သုံးပစ္စည်းများ၊ စားစရာများ၊ ကလေးများအတွက် ကျောင်းနေစရိတ်၊
ကျောင်းဝတ်စုံနှင့် အသုံးဆောင် ပစ္စည်းများ အကူအညီပေးခဲ့ပါသည်။ MYF (Mon Youth
Foundation) မွန်လူငယ်ဖေါင်းဒေးရှင်း အဖွဲ့သည် နိုင်ငံတကာရောက်
မွန်လူငယ်များဖြင့် ၂၀၀၈ ခုနှစ်တွင် စုဖွဲ့ထားသော အဖွဲ့အစည်းဖြစ်ပါသည်။
Link

သျှမ်းသံတော်ဆင့်သတင်း

နေပြည်တော်နှင့် ထပ်မံဆွေးနွေးပြီးပါကဒေါ်အောင် ဆန်းစုကြည်ပါဝင်သော ပင်လုံကဲ့သို့အစည်းအဝေး ထပ်မံဖြစ်ပေါ် လာစေရန် စွမ်းဆောင်မည်ဟု သျှမ်းပြည် တပ်မတော် (တောင်ပိုင်း) ဟု လူသိများသည့် RCSS/ SSA နှင့်ပဏာမတွေ့ဆုံပွဲ၌ ရထားပို့ဆောင်ရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

“သျှမ်းပြည်အေးချမ်းမှုကိုလိုလားတယ်လို့ ဦးအောင်မင်းပြောတယ်။ နေပြည်တော်နဲ့ အောင်မြင်စွာဆွေး နွေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ယခင်ပင်လုံညီလာခံ ပုံစံဖြစ်အောင် နေပြည်တော်မှာ လုပ်မယ်။ ပင်လုံတုန်းကထက်ပို ကောင်းတဲ့ ညီလာခံလဲဖြစ်ချင်ဖြစ်လာနိုင်တယ်လို့လဲပြောသွားတယ်” - ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် သျှမ်းသံတော် ဆင့်အယ်ဒီတာ စဝ်ခင်းဆာယီကပြောသည်။

SSAandGovernment

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရ၏ ရထားပို့ဆောင်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးမှုအပြီး (ဓါတ်ပုံ- taifreedom.com)


ဦးအောင်မင်းက - လက်ရှိ မြန်မာအစိုးရကြုံတွေ့နေရသော အခက်အခဲ ၃ ရပ်မှာ ၁- နိုင်ငံတကာ၏ ပိတ်ဆို့မှု၊ ၂- ဒေါ် အောင်ဆန်းစုကြည်ပြဿနာ၊ ၃- တိုင်းရင်းသားပြဿနာတို့ဖြစ်သည်။ ဤစုရပ်အနက် ပထမ ၂ ရပ်ကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်ဟုသိရသည်။

စဝ်ယွက်စစ်ဦးဆောင်သည့် RCSS /SSA တပ်ဖွဲ့မှ စက်ပစ္စည်းများအား ဗုံးခွဲဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် ၎င်းတာဝန် ယူ နေသော သျှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းသို့ မီးရထားလမ်းဖောက်လုပ်နေမှုအားခေတ္တ ရပ်ဆိုင်းထားရကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကပြောသည်ဟုဆို၏။

“ပြည်ထောင်စုတိုင်းရင်းသား လူဦးရေသန်းပေါင်း ၆၀ ရဲ့အကျိုးကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးအတွက် စဉ်းစားစေချင် တယ်လို့ ဦးအောင်မင်းက ပြောတယ်။ BGF အတွက် စိတ်မပူနဲ့။ BGF လုပ်ဖို့လုံးဝ မတိုက် တွန်းတော့ဘူးတဲ့။ ပြည်သူ့ စစ်ဘဲလုပ်။ လက်နက်ကိုင်ထား။ မြန်မာအစိုးရကိုမယုံကြည် တဲ့ချိန် အချိန်မရွေး တောပြန်ခိုနိုင်တယ်။ ပြန်တိုက်နိုင်တယ် ” ဟု ဦးအောင်မင်းက အာမခံသွားကြောင်း လွယ်တိုင်းလျဲန်း၏ ‘အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေးကော်မတီ’ ဝင် တဦးကပြောသည်။

ဦးအောင်မင်းပြောဆိုတင်ပြမှုအပြီး ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က - မိမိတို့ဖက်မှ တင်ပြချက် ၄ ချက် ကို ဦးအောင်မင်းထံ ပေးကမ်းခဲ့ပြီး - ဖိနှိပ်ချုပ်ချယ်မှုကြောင့် စစ်မီးလျှံအတွင်း မလွှဲသာမရှောင်သာတိုးဝင် ခဲ့ရကြောင်း၊ မိမိသည်လည်း ပြည် ထောင်စုသားတဦးဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုသား၏ဖွံ့ဖြိုး တိုးတက်ရေး အတွက် တဖက်တလမ်းမှပါဝင်ပူးပေါင်း မည်ဖြစ်ကြောင်း၊ ထိုသို့ပါဝင်ပူးပေါင်းနိုင်ရေး အတွက် အစိုးရ နှင့် မိမိတို့အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် အဓိက ဖြစ်နေကြောင်း ပြော၏။

“ကျနော်တို့ သျှမ်းပြည်သားတွေ အမှောင်ထုထဲမှာနေလာရတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ခုကျနော်တို့ တွေ့ဆုံ ဆွေးနွေး မှုဟာ သျှမ်းပြည်လူထုအတွက် ရောင်ခြည်ဦးလေးလို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် မပြောင်းလဲဘဲ ဆက်လက်အဖိနှိပ်ခံ နေရဦးမယ်ဆိုရင်တော့ ထွန်းတောက်လာမယ့် နေအလင်းတွေဟာ နေကျပ်လို့ အမှောင်ထု ဖုံးလွမ်း မှေးမှိန်ပျောက်ကွယ် သွားမှာကိုစိုးရိမ်ရတယ်” - ဟုလည်းစဝ်ယွက်စစ် ကပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်အင်အားသုံး လက်နက်ကိုင်ဖြေရှင်းသဖြင့် မြန်မာ စစ်တပ်အပေါ် လူထု၏ နာကျည်းမှုဒဏ်ရာကို အချိန်ပေးကုစားဖို့မြန်မာ့တပ်မတော်ကလည်း သဘောထား ကြီးကြီးထားရမည်ဖြစ်ကြောင်း လည်း စဝ်ယွက်စစ်က ဖြည့်စွက်ပြောကြားခဲ့သည်ဟုဆို၏။

ထို့အပြင် နိုင်ငံတကာနှင့်သင့်မြတ်မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပူးပေါင်းမှု၊အာဆီယံဥက္ကဌ ဖြစ်လာ မှုကြောင့် ဖွံ့ဖြိုးတိုးတက်လာပြီဟု မဆိုနိုင်သေးကြောင်း၊ အိမ်နီးချင်းနိုင်ငံသို့ထွက်ပြေးပုန်းခို နေရခြင်း၊ နှစ် ၂၀ ကြာ အပစ် ရပ်သည် ဟုဆိုသော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်နေရခြင်း တို့မှာ ဖွံ့ဖြိုးတိုးတက်မှု၏ အဖြေဖြစ်ကြောင်း RCSS ခေါင်းဆောင် ကပြော၏။

ဦးအောင်မင်းက - လွန်ခဲ့သည့် နှစ် ၂၀ က ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ရ ခြင်းမှာ ပြည်သူ လူထုပါဝင်ခွင့်မရခြင်းကြောင့်ဖြစ်ကြောင်းပြောကြားစဉ် RCSS ခေါင်းဆောင်က၎င်းအားဝမ်း သာအားရလက်ဆွဲ နှုတ်ဆက် ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားနယ်မြေ၌ တိုင်းရင်းသားက ထိန်းချုပ်ခြင်းမှာ အသင့်လျော်ဆုံးဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့ပြီးပါက စီးပွါး ရေး ဖွံ့ဖြိုးတိုးတက်မှု၌ ပြည်ထောင်စုအစိုးရ က အခွန်အနည်းငယ်သာ ကောက်ယူမည်ဖြစ်ပြီး စက်ရုံ လုပ်ငန်းလည်ပတ် နိုင်ပြီဆိုပါက ဒေသခံလူထုလည်းအိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခြင်း ပြုလုပ် တော့မှာမဟုတ်ကြောင်း၊ ထို့ထက်မက အိမ်နီးချင်းနိုင်ငံကပင် မိမိတို့ဒေသသို့ လာရောက်အလုပ်လုပ်ကြ မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြော၏။

စဝ်ခင်းဆာယီကဆက်၍ - “ အခုလည်းတိုင်းရင်းသားစာပေသင်ကြားခွင့်ကိစ္စမှာ မွန်၊ သျှမ်း နဲ့ ကရင် စတဲ့ တိုင်းရားသား စာပေကစာသင်ကျောင်း၌ ဘာသာရပ်တခုအဖြစ် သင်ကြားခွင့်ပေးနေပြီလို့ ဦးအောင်မင်း ကပြောတယ်။ ဒါကြောင့် စဝ် ယွက်စစ် အကြံပြုတဲ့ - နိုင်ငံတော်ကာကွယ်ရေးမှာ မြန်မာ့တပ်မတော်သာ တာဝန်ရှိတာမဟုတ်။ လူတိုင်းမှာတာဝန်ရှိ တယ်- ဆိုတဲ့အချက်ဖွဲ့စည်းပုံဥပဒေကို ပြန်သွားရမယ်လို့ ဦးအောင်မင်းကပြောတာ။ လိုအပ်တာဖြည့်ချင်တာပြင်ချင်တာရှိရင်လွှတ်တော်ထဲမှာ ပြင်လို့ရတယ်- အဲလိုပေါ့”

“အဓိကအချက်က ဦးအောင်မင်းပြောသွားတာက- ခင်ဗျားတို့ SURA (လွယ်တိုင်းလျဲန်း) အဖွဲ့နဲ့ SSA (ဝမ့်ဟိုင်း) အဖွဲ့နဲ့ ပေါင်းပြီးမှ အစိုးရကိုယ်စားလှယ်နဲ့ဆွေးနွေးမယ်ဆိုတဲ့အချက်အစား အစိုးရနဲ့ အရင် ဆွေးနွေးပြီးမှ ပူးပေါင်းရင်ပိုသင့်လျော် မယ်ထင်တယ်တဲ့။ ဘာလို့လဲဆိုတော့ ပူးပေါင်းပြီးမှဆိုရင် အချိန်ယူ ရဦးမှာ မို့လို့ - တဲ့ ။ စဝ်ယွက်စစ်က- ဆွေးနွေးသဘော တူညီချက်အတွက်တောင်ကြီးတက် လက်မှတ်ရေးထိုးဖို့ ကိုယ်စားလှယ်လွှတ်လိုက်မယ်တဲ့။ ဘယ်နေ့ဘယ်ရက်မှာတောင် ကြီးတက်မယ်ဆို တဲ့အကြောင်း ၇ ရက် ကြို တင်အကြောင်းကြားဖို့ ဦးအောင်မင်းကပြောပြီးဆွေးနွေးပွဲရုပ်သိမ်းလိုက် တယ်” ဟု ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော် ရင်လှိုင်၊ ဦးတင်မောင်သန်းနှင့် RCSS/SSA မှ ဒု ဗိုလ်ချုပ်ကြီးယွတ်စစ်၏ “အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး ကော်မတီ”မှ အဖွဲ့ဝင်အချို့ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန် ပထမအဆင့်အနေဖြင့် အစိုးရဖက်မှ
၁။ နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရန်
၂။ နှစ်ဖက်ဆက်ဆံရေးရုံးများထားရှိရန်
၃။ တဖက်နယ်မြေထဲသို့ ဝင်ရောက်မည်ဆိုပါက လက်နက်ယူဆောင်ခြင်း မပြုရန်
၎။ နေပြည်တော်အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နေ့ရက်၊ နေရာ၊ အချိန် သတ်မှတ်ရန် -တင်ပြသည်။

သျှမ်းပြည်တပ်မတော် ဖက်မှလည်း
၁။ နှစ်ဦးနှစ်ဖက်အပစ်ရပ်ရန်
၂။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဆွေးနွေးမှုဖြင့် ဖြေရှင်းရန်
၃။ မိမိနယ်မြေ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်၊ အထူးဖွံ့ဖြိုးရေးဒေသကို သတ်မှတ်ရန် နှင့်
၎။ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သွားရန် - ဟူသည့် အချက် ၄ ချက်ကို အစိုးရကိုယ်စားလှယ်များထံသို့ တင်ပြ တောင်းဆိုခဲ့ သည်ဟု သိရှိရပါသည်။

နှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်ရန် တွေ့ဆုံဆွေးနွေးခြင်းသက်သက်သာဖြစ်ပြီးမည်သည့် သဘောတူ ညီမှု လက် မှတ်ရေးထိုးခဲ့ခြင်းမရှိသေးဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ နေပြည်တော်ကိုယ်စားလှယ် မီးရထားဝန်ကြီးနှင့်အဖွဲ့အား သီးခြားစီတွေ့ဆုံခဲ့ သည့် သျှမ်းပြည် တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့ RCSS/SSA ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ချင်းအမျိုး သား တပ်ဦး CNF တို့ က အပစ်ရပ်ရန် ပဏာမအဆင့် သဘောတူညီမှုရခဲ့ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP တို့ကလည်း ထပ်မံတွေ့ဆုံဆွေးနွေး မည်ဟု သဘောတူညီမှု ရရှိခဲ့သည်။

အားလုံးလက်ခံပါတယ် သမ္မတကြီး၊

တခုပဲရှိတယ် ..လက်နက်ကိုင်တိုင်းရင်းသားတွေကို ဆိုးတယ်လို့ သမ္မတကြီးလက်ညိုးထိုးရင် .. ကျန်တဲ့လက်၎ချောင်းက သမ္မတကြီးရဲ့အစိုးရကို ငါကပိုဆိုးတယ် ၀န်ခံသလိုဖြစ်နေမလား တွေးမိပါတယ်။ သားဆိုးဖြစ်ရခြင်းအကြောင်းရင်းကို ကြည့်ရင် .. ကချင်လက်နက်ကိုင်များဟာ သူတို့မြေကို တရုပ်ဝိသမစီးပွားရေးသမားများနဲ့၊ စစ်အာဏာရှင်သားသမီးကုမဏီများပဲ နေရာယူနေကြတယ်။ ကိုယ့်ပြည်နယ်မှာနေထိုင်သူ ကချင်၊မြန်မာများကို (အထူးသဖြင့် KIA ကို ငြိမ်းချမ်းရေးမလုပ်နိုင်သေးရင် သူ့ဖာသာနေပါစေ။ အကြမ်းဖက်မတိုက်စေလိုပါ။) အင်္ဂလိပ် ဂျပန်ကို တိုက်တဲ့အခါ မြန်မာဘီအိုင်အေက ပျောက်ကျားအရေးပါသလို၊ တကယ်လို့ တရုပ်အန္တရယ်ရှိလာရင် KIA ပျောက်ကျားများက မြန်မာပြည်တခုလုံးအတွက် အတိုင်းတာတခု ကာကွယ်အထိ နိုင်ပါတယ်။ အမေရိနောက်ခံနဲ့ တရုပ်အန္တရယ်ကို ကာကွယ်ဖို့ နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တွန် နှစ်၅၀အတွင်း Obama & Burma မြန်မာပြည်လာလည်ခြင်းက ကောင်းပါတယ်။ သို့သော် ရှေ့တန်းကချင်နယ်မြေက ပိုပြီးအဓိကကျပါတယ်။ ငြိမ်းချမ်းရေး အလွန်အရေးကြီးပါတယ်။

သမတကြီးပြောသလို (၁)ကျုပ်တို့ ကချင်နယ်မြေ ငြိမ်းချမ်းချင်ပါတယ်။ (ျ)ဒီမိုကရေစီစီးပွားတိုးတက်ချင်ပါတယ်။ (၃) ညံ့ဖျင်းလှတဲ့ပညာရေး၊လူမှုရေးများက လွတ်မြောက်ချင်ပါတယ်။ ..

News Conference Youtube: http://murann.com/utheinsein.htm



ကချင်မိတ်သဟာရ ကန်ဘာကန် (စင်ကာပူ)တွင် မြန်မာဘာသာဖြင့် လစဉ်နောက်ဆုံးပါတ် ကိုးကွယ်ဝတ်ပြုခြင်းရှိပါသည်။ လာမည့်အပတ် 27-Nov-2011 (Sunday 7pm) တွင် အထူးအစီအစဉ် ချီးမွမ်းခြင်းပွဲတော် သီဆို၊တီးမှုတ် ချီးမွမ်းကြမည်ဖြစ်သဖြင့် လာရောက်ရန် ဖိတ်ခေါ်ပါသည်။

နမူနာ ကချင်ရိုးရာသီချင်းဗွီဒီယို (အစမ်းလေ့ကျင်စဉ်)

Kachin Community in Singapore is under God Grace. They will Praise Lord on coming 27-Nov-2011 Sunday Service. Here is some of their Praise Songs practice BlipTV.
မိတ်ဆွေများကို ခေါ်လာပြီး အားပေး၊နားဆင်ကြပါရန်...၊
Bethesda Chapel


Blip.TV short videos
http://blip.tv/bcff-daly-city-san-francisco-bay-area

အင်ဂွန်ဂျာဝါ (၂)

အင်ဂွန်ဂျာဝါ(၃)
နာဂစ်ဖွဲ့စည်းပုံအရတက်လာတဲ့ သိန်းစိန်အစိုးရကတော့ဖြင့် ယုံကြည်ချက်ကြောင့် ဆိုတာတောင် ကျွန်တော်တို့ကလက်မခံဘူး တဲ့။ သမ္မတရဲ့ပြောပြချက်ကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေဟာ ကိုယ်ချင်းမစာ သူတွေဖြစ်သွားပါလား။ အခြေအနေ အချိန်အခါ ကြည့်ပြီးမှ လုပ်သွားမယ်တဲ့ ဘယ်လိုအခြေအနေတွေလဲ ကိုယ့်နိုင်ငံသားတွေကို ဓားစာခံလို သဘောထားပြီး ပြည်ပနိုင်ငံတွေရဲ့အာရုံစိုက်ဖို့ ဖိအားတွေလျော့ဖို့လား။

တဖွဲ့ချင်းခွဲထုတ်ဖို့ဆွေးနွေး
မယ်ပြောတဲ့ သမ္မတရဲ့ဖြေရှင်းချက်က ရှေ့နောက်မညီနေပါဘူး။ သူ့ရဲ့လူကြိုက်များတဲ့ မိန့်ခွန်းလဲဖြစ် သူအင်မတန်ကြိုက်တဲ့ စကားလုံးလဲဖြစ်တဲ့ မတူတာတွေဘေးဖယ်ပြီး တိုင်းပြည်အကျိုးစည်းပွားအတွက်ဘုံတူညီတာတွေနဲ့လုပ်ချင်တယ် တဖွဖွပြောနေပေမယ့် ဓလေ့ထုံးစံတွေ၊လိုအင်ဆန္ဒတွေမတူလို့ မလုပ်ဘူးဆိုတာတော့ စဉ်းစားစရာပါပဲ။ အရင်တုန်းကတောင်လုပ်နိုင်ခဲ့ရင် ဘာလို့အခုကောမလုပ်နိုင်ရမှာလဲ။ တိုင်းရင်း အားလုံးရဲ့ဆန္ဒဖြစ်တဲ့ နိုင်ငံတော် လုံခြုံပြီး တည်ငြိမ်အေးချမ်းဖို့ တိုင်းရင်းသားတွေကို တဖွဲ့ကိုအပစ်ရပ်ပြီး တဖွဲကို ဇွတ်တိုက်နေရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး။
ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကိုပြောနေတဲ့ သမ္မတက ဒီမိုကရေစီရဲ့အခြေခံ တခုဖြစ်တဲ့ Civil participation ကို မျက်ကွယ်ပြုခဲ့တယ်။ KSPP ကို မှတ်ပုံတင်မပေးခဲ့ဘူး။ သမ္မဖြစ်လာပြီး မတူကွဲပြားမှုကိုတွေဖယ်ပြီး တူတာတွေနဲ့ လုပ်ဆောင် သွားမယ်လို့ ပြောတုန်းက အားတက်ခဲ့ပေမယ့် လက်တွေ့မှာ အဲဒီ လုပ်ဆောင်ချက်တွေဟာ အစိုးရသစ်ရဲ့တရားဝင်ရေးကိုသာ အသားပေးခဲ့တယ် ဆိုတာသိတာ လွန်းလှပါတယ်။ အစိုးရနဲ့ မတူကွဲပြား တာဟာ NLD တခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသား အဖွဲ့တွေအများကြီး ကျန်ပါသေးတယ်။

ပြီးတော့ နိုင်ငံရေး တည်ငြိမ်မှုသက်သက် အတွက် အပစ်ရပ်ထားရုံမရပါဘူး။ အနှစ်၂၀နီးပါး အပစ်ရပ်ထားရုံး သက်သက်ဖြင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ မပြုလုပ်ခဲ့သောကြောင့် ယခုကဲသို့ ၉၀မတိုင်မှီ အခြေအနေပြန်ရောက်ရခြင်းကို သတိပြုရပါမယ်။

ဦးနု လက်ထက်မှသည် သမိုင်းတလျှောက် လှပတဲ့စကားလုံးတွေနဲ့ နှစ်သိမ့်ခဲ့တာတွေ ရပ်တန့်ပြီး အမှန်တကယ် ဖော်ဆောင်သင့်ပါပြီ။ ၉၄ အပစ်ရပ်ပြီး ကချင်ပြည်မှ ထွက်သော ကျောက်စိမ်းများမှ ဒေါ်လာသန်းပေါင်း များစွာ ရရှိခဲ့သော်လည်း ဖားကန့်လမ်းမှာ နိုင်ငံတော်နဲ့ အကျိုးတူ ဆိုတဲ့ ကုမ္မဏီကြီးတွေကြောင့် ပိုလို့တောင် ဆိုးတာလာကို ဒေသခံတိုင်း ညည်းညူနေကြတယ်။
အစိုးရသစ်မှ မတူကွဲပြား သူများနဲ့ နိုင်ငံတော်အကျိုး အတွက် ပူးပေါင်းဆောင်ရွှက်သွားမယ်ဆိုတာ အစိုးရ တရားဝင်ရုံအတွက် ဒေါ်စု တဦးတည်းနဲ့သာတွေ့ပြီး နိုင်ငံအတွင်းရှိတိုင်းရင်းသားအဖွဲ့တွေကို ချန်ထားရင်တော့ ရွှေပြည်တော်မျှော်တိုင်းဝေးရတော့မှာပေါ့...... The End..

နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိမြန်မာအစိုးရသစ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃) သောင်းခန့်အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများက ကောက်ခံသော အလှုငွေ ကျပ်သိန်း ၅၀၀ ခန့် ရှိဖွယ်ရှိသည်ဟု ခန့် မှန်းကြသည်။

နော်ဝေနိုင်ငံရောက် ချင်းများက ကောက်ခံသည့် ငွေများကို ရန်ကုန်တွင်နေထိုင်ကြသော ချင်းခရစ်ယာန်လူ ကြီးများဖြစ်ကြသည့် Rev. Thawng Kam နှင့် Mrs. Dar Nawn Tial က Kachin Baptist Convention (KBC) ထံ ကျပ်ငွေ ၁၁၉၅၆၅၀၀ ကိုလွှဲအပ်ခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့ တွင် Laiforum မှတဆင့် Mr. Van Lian Thang ရေးသားသည့် စာတွင်ဖေါ်ပြထားသည်။

ထို့ အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော ချင်းခရစ်ယာန်အသင်းများက ကောက်ခံ သော အလှုငွေ ကျပ်ငွေ ၅၂၂၀၀၀၊ ဒိန်းမတ်နိုင်ငံရှိ ချင်းများက ၅၅ သိန်းခန့် ၊ ချင်းပြည်နယ်မှ အကြီး ဆုံး ခရစ်ယာန်အသင်းဖြစ်သည့် Zomi Baptist Convention, Chin Association for Christian Communication, Hakha မြို့ ဟောင်း ခရစ်ယာန်အသင်းနှင့် သြစတေးလျားရောက် ချင်းများက ကျပ်ငွေ ၇၄၁၄၀၀၀ တို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးထံမှ တဆင့် ပေးလှုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ပြီး မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ် ရှိ Lairam Immanuel Local Church (LIKBK) သင်းထောက်တဦးက ” ကျတော်တို့က နိုင်ငံရေးတို့ဘာတို့ မဆိုလိုဘူး၊ လူမှုဒုက္ခရောက်နေသူတွေ အခက်အခဲကို ထောက်ထားပြီး ကူညီတာပါ˝ ဟု ပြောသည်။

သြစတေးလျားနိုင်ငံရောက် ချင်းခရစ်ယာန်အသင်း ၁၂ ခုမှမှ သြစတေးလျား ဒေါ်လာ ၁၆၅၀၇ (ကျပ်ငွေ ၁၂၅၄၅၃၂၀) ကို သြစတေးလျားရှိ Kachin Assocaition of Australia (KAA) ထံသို့  ပေးလှုကြပြီး KAA မှကချင်ပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသူများသို့  လွှဲပေးဖွယ်ရှိကြောင်း ဆက်လက်ဖေါ်ပြထားသည်။

အထက်တွင်ဖေါ်ပြထားသည့် ငွေပမာဏသည် ကျပ်ငွေ ၃၇၀ သိန်းခန့် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ Czech Republic, New Zealand, Malaysia နိုင်ငံရှိ ချင်းများ၏ အလှုငွေကို အသိအကျ မသိ ရသေးသော်လည်း စုစုပေါင်း ကျပ်ငွေ- ၅၀၀ သိန်းခန့်  ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။

ပြည်တွင်းပြည်ပ ရှိချင်းလူမျိုးများသည် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့  တိုက်ပွဲ ကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသော ကချင်လူမျိုးများအတွက် အလှုငွေကို လွန်ခဲ့သည့် ၂ လ ခန့် က စတင်ကောက်ခံခြင်းဖြစ်သည်။

By:http://khonumthungburmese.org/

Kachinpressrelease.pdf

Posted by Admin Friday, November 18, 2011 0 comments

Matai htang ra sai

Posted by Admin 0 comments

Ahkyak shiga gabaw ni

Posted by Admin Monday, November 14, 2011 0 comments

သတင်းခေါင်းစဉ်များ
‐ Asean Urged to Put Burma Abuses on Agenda
‐ KNU appoints new peace negotiation team to meet with government
‐ မြန်မာအစိုးရသစ် နှင့်တွ့ဆုံဆွေး နွေးရန်ကေအဲန်ယူ ပြင်ဆင်
‐ ကေအန်ယူက ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းပြီး မကြာခင် အစိုးရနှင့် ဆွေနေွး မည်
‐ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNU ပြင်ဆင်
‐ KNU ‘Peace Committee’ ready to talk peace
‐ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့လိုက်ပြီ
‐ Mon State government peace team arrives at headquarters of NMSP
‐ မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေး ကုယိစားလှယ်များ ဗဟိုဌာနချုပ်တွင် ဆွေးနွေး
‐ မွန်ပြည်သစ်နှင့် စေ့စပ်ရန် မွန်ခေါင်းဆောင်အချို့ကို ဝန်ကြီးချုပ်က တာဝန်ပေးစေလွှတ်
‐ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီနှင့် တွေ့
‐ ပြည်နယ် အစိုးရ ကမ်းလှမ်းချက် အပေါ် မွန်ပြည်သစ် ပါတီ၏ တုန့် ပြန်ချက်
‐ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း
‐ CACIUSCCCS E CM ECAာCSCMIUCSECါCSS CCCSSCAာS KIA CIUCSCIUCS
‐ ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်ဖွဲ့များ လက်နက်ချရန် တောင်းဆိုခံရ
‐ Sino border town under curfew
‐ မြစ်ကြီးနား မိဘမဲ့ကလေးများနေအိမ် ဗုံးကွဲ၍ ၁၀ ဦးသေဆုံး
‐ မြစ်ကြီးနားတွင် ဗုံးပေါက်ကွဲ၍ လူ ၁၀ ဦး သေဆုံး
‐ အစိုးရတပ်က ဓာတုလက်နက်သုံးမသုံး ကေအိုင်အေ စုံစမ်းစစ်ဆေး (ကေအိုင်အေနှင့် မေးမြန်းချက်)
‐ Suu Kyi says Burma’s judicial system is not fair; prevents development
‐ “တရားဥပဒေစိုးမိုးသည့် နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားမရှိ”
‐ Suu Kyi Says End of Sanctions Depends on Govt
‐ အကျဉ်းသား ထပ်လွှတ်ရေး သမ္မတကို လူ့အခွင့်အရေးကော်မရှင် အိပ်ဖွင့်စာပေး
‐ Burma delays prisoner amnesty
‐ ပုဂ္ဂလိက နိုင်ငံခြားငေလွဲ စင်တာများ တွက်ခြေမကိုက်
‐ ကျော်သူကို ဧမာနေလွ အသင်းတော်က လူမှုအကျိုးပြု ဒေါက်တာဘွဲ့ ချီးမြှင့်
‐ Press Release: AIPMC calls on ASEAN leaders to place ethnic conflict and human rights situation in Myanmar on
ASEAN agenda
------------------------------------------------------------

YMCA-Nov 09,2011 Myitkyina Kachin land

Posted by Admin Wednesday, November 9, 2011 0 comments

Subject: YMCA
Received: Wednesday, November 9, 2011, 6:04 PM

9-11-2011 ya shani,

Anhte Myitkyina kaw, Wunpawng Amyu Sha Mungbawng Rapdaw na slg ni hte Wunpawng Slg ni hpe
Zahkung Ting Ying (NDA-K) wa hte Lasang Awng Wah (Gwi Htu Pyi Tu Tsit) yan kaw nna daini na byin nga ai masa hte seng nna tsun sang lang dan ai lam ni galaw ma ai.

Dai kaw,

Zahkung Ting Ying hku nna,
- Myen hpe madi shadaw ra ai lam,
- Kachin ni n mai rawt malan sai lam,
- Kachin ni Myen a mayam matut galaw na re lam ni tsun sang lang ai.

Lasang Awng hku nna,
- KIO/A daini galaw nga ai hpe jahpoi jahpyak ai lam galaw ai
- KIO/A hpe grai roi jahkroi nga na tsun ai

Zuphpawng kaw n-gun lu ai lam,

Sarama kaba Nhpan Ja Ra
- Anhte Shanglawt galaw ai hpe madi shadaw ra ai nga tsun ai
- Myen ni kaja wa mungmasa galaw ai rai yang madi shadaw mai tim, laiwa ai 17 ning hpe hpaji la mai ai lam ni tsun ai.

Du Wa Howa Zau Gam
- Myen hpe n mai kam ai lam
- Myen gaw sadi ndung ai, dingman ai lam n nga ai nga tsun sai

Zuphpawng hpungdim,

Zahkung Ting Ying hte Lasang Awng Wa yan gaw shanhte ka sa wa ai ndau laika hpe hti dan na shangut sai.
Zuphpawng nnan hpang wa ai shaloi anhte ramma nkau mi hte rai yang n-gun 84 re.
Zuphpawng hpungdim ai shaloi marai 19 hte hpungdim sai.

Sadi jaw ai lam,

- WMR Amu Madu, Sara Labang Gam Awng ( Pai / Hkra ) lawan lata la.
- MCC Ningbaw Hpung Up Sara Zung Kyang ( Karai Kasang a mayam tai na kun? Zahkung Ting Ying hte Lasang Awng a mayam tai na kun? )
- Zahkung Ting Ying, Lasang Awng Wa, Dr. Tu Ja ni ja ja sadi mu!
By:WKO

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။

ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။
အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံး ရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။
သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။
ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။


ယခု အချိန်တွင် အများပြည်သူ အတွက် မျက်စိလည်စရာ ကောင်းလောက်အောင် ကစားကွက်ရှုပ်ထွေးလှပေသည်။
အမှန်တကယ်ပင် မျက်စိလည်သူ အကြည့်မှားသူတွေလည်း တော်တော်ပင် များပြားနေလေသည်။
အဘယ်ကြောင့် ထိုသို့ အမြင်ရှုပ်ထွေးကြပါသနည်း။ ရွှေ့ကွက်များမှာ ယခင်ကနှင့် မတူ တမူထူးခြားနေသောကြောင့် ဖြစ်သည်။

ယခင်က စစ်အစိုးရသည် အကြမ်းနည်းသက်သက်ကိုသာ အသုံးပြုသည်။ စစ်အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးရ။
ဘာမှ မပြောရ။ ဘာမှ မလုပ်ရ။ ထိုကဲ့သို့ လုပ်ရပ်တခုခု လုပ်လျင် ထောင်သွင်း အကျဉ်းချမည်။ လမ်းပေါ်မထွက်ရ။ ဆန္ဒမပြရ။


လမ်းပေါ်ထွက် ဆန္ဒပြလျင် ပစ်သတ်မည်။ လမ်းပေါ်ထွက် ဆန္ဒပြ သော လုပ်ရပ်သည် (လက်နက်ကိုင် တော်လှန်သော အလုပ်မှ တပါး) စစ်အစိုးရ အဆက်ဆက်အဖို့ အကြောက်ဆုံးလုပ်ရပ် ဖြစ်သည်။
အတိုချုပ်ပြောရလျင် ထောင်ချလိုက်မည်နှင့် သတ်ပစ်လိုက်မည် ဆိုသော နည်းများမှာ စစ်အစိုးရ၏ အဓိက နည်းဗျူဟာ ဖြစ်ခဲ့သည်။


စစ်အစိုးရဘက်က ပြောင်းလဲဖို့ ခြေလှမ်းပြင်လာခြင်း
၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနောက်ပိုင်းတွင်မူ စစ်အစိုးရ၏ မဟာဗျူဟာ စတင်ပြောင်းလဲလာသည်။
၁၉၈၈ နောက်ပိုင်းတွင် အကြီးမား ဆုံးသော လှုပ်ရှားမှုကြီး ဖြစ်သည့် ၂၀၀၇ လှုပ်ရှားမှုသည် စစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
စစ်အစိုးရအနေနှင့် အနှစ် နှစ် ဆယ်ကျော်ကြာကျင့်သုံးခဲ့သော အချိန်ဆွဲလိမ်ညာ၊ လှည့်ဖျား၊ ထောင်ချ၊ လူသတ်အလုပ်သည် ရေရှည်ဆက်သွား၍ အလုပ် မဖြစ် နိုင် တော့ဟု သဘောပေါက်လာခဲ့သည်။

ထို့ကြောင့် ၂၀၀၇ ခုနှစ် အရေးတော်ပုံပြီးသည်နှင့် အခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေကို သွက်သွက်လက်လက် အကောင်အထည် ဖော်တော့ သည်။
ယခင်က နှစ်ပေါင်းတရာကြာအောင်ပင် အချိန်ဆွဲတော့မည်ဟု ထင်ရသော လမ်းပြမြေပုံမှာ ရုတ်တရက် အရှိန်ရပြီး သွက်လက် မြန်ဆန်လာသည်။


ဤသို့ဖြင့် အခြေခံဥပဒေ တရပ်ထွက်ပေါ်လာသည်။ သို့သော် ထိုအခြေခံဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် ဒီမိုကရေစီ မကျဆုံးသော အခြေခံဥပဒေ တရပ် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။
စစ်သား တမတ်သားက မည်သူမျှ မရွေးကောက် ပဲ လွှတ်တော်ထဲတွင် မိန့်မိန့်ကြီး ကြိုတင်နေရာယူနိုင်သော အခွင့်ကို ပေးအပ်ထားသည်။
စစ်တပ်က မကြိုက်လျင် အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ပေးထားသည်။
ထို အခြေခံဥပဒေမှာ လွတ်လွတ်လပ်လပ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရခဲ့လျင် ၁၀ ရာခိုင်နှုန်းမျှပင် ထောက်ခံမဲရနိုင်စရာ မရှိသော်လည်း သေနတ်မိုးဓါးမိုးပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းကထောက်ခံသည်ဟု မဲခိုးကြေငြာပစ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်နိုင်မှု အရည်အချင်း
ထိုကဲ့သို့သော အရေးကြီးသည့် သမိုင်းကာလများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့ ပါသနည်။
တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ၂၀၀၇ ခုအရေးတော်ပုံနှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကာလ နှစ်ခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာမူ ပြည်သူလူထုကို အရည်အချင်း ပြည့်မီသော ဦးဆောင်မှု မပေးနိုင်ခဲ့ပါ။
၂၀၀၇ ခုနှစ် အရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန် ပျက်ကွက်ခဲ့ခြင်းမှာ အလွန်ဆိုးဝါးလှသော ပျက်ကွက်မှုကြီး ဖြစ်ခဲ့ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူထုလှုပ်ရှားမှုကို ထောက်ခံကူညီမှု မပြုရုံသာမက စစ်အစိုးရ အကြိုက်နောက်ကပင် လိုက်ဆွဲ တားမြစ်ခဲ့ ပါသေးသည်။

၂၀၀၇ ခုအရေး အခင်းတွင် သံဃာနှင့် ၂၀၀၇ ခု ဗကသ ကျောင်းသားများက ထိန်းသိမ်းဦးဆောင် သွားနိုင်သောကြောင့်သာ စစ်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်းဖြစ်သည်။
၈၈ မျိုးဆက်ကျောင်း သားများမှာမူ ၂၀၀၇ ခု အရေးတော်ပုံ၏ အစပိုင်းကာလတွင် အဓိက ဦးဆောင်သူများ ဖြစ်ခဲ့ကြသော်လည်း ပွဲဦးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဆက်လက်၍ ဦးဆောင်မှု မပေးနိုင်ခဲ့။


၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလတွင်မူ သံဃာနှင့် ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားများပါ ထောင်သွင်း အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ထိုကာလ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်မူ အစပိုင်း၌ NLD သည် အတန်အသင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။
သို့သော် နာဂစ်မုန်တိုင်း တိုက်ခတ် လိုက်သောအခါ နိုင်ငံရေး ကို ရှေ့တန်းမတင် ပြည်သူလူထု အရေးကို ရှေ့တန်းတင်မည်ဟု ကြွေးကြော်ကာ လူမှုရေးဘက်သို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှည့် လိုက်သည်။ NLD သဘောထားကြီးလှပါပေသည်။
လူကြီးလူကောင်း ဆန်လှပါပေသည်။

သို့သော် ယင်းကာလ NLD ခေါင်းဆောင်များသည် နိုင်ငံရေး မျက်နှာစာတွင် စစ်အစိုးရကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်လေးနေကြပြီး နာဂစ် ဟူသော အကြောင်းပြချက်ကောင်းကောင်းရသွားသည့် အတွက် စိတ်သက်သာရာပင် ရသွားသလားဟု သံသယဝင်ဖွယ် ဖြစ်ပေသည်။

သူတို့သည် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လှည့်မကြည့်တော့ပေ။ သို့သော် စစ်အစိုးရမှာမူ သူ့ရည်ရွယ်ချက်ကို မျက်ခြေ အပြတ်မခံ။
လူတွေသေ၊ အလောင်းတွေ ရေမျောနေသည့် ကြားကပင် အခွင့်ကောင်းယူကာ ထောက်ခံမဲတွေ မရမနေလုယက်ယူခဲ့လေ သည်။
NLD သည်လူကြီးလူကောင်းဘွဲ့ရ၍ စစ်အစိုးရမှာ လူဆိုးရာထူး တရစ်တက် သွား သည်။

တကယ်တန်း အနစ်နာကြီး နစ်နာခဲ့ကြရသည်မှာ ပြည်သူ တရပ်လုံးဖြစ်ခဲ့ကြသည်။
ပြည်သူတို့မှာကား နှစ်ခါရှုံးခဲ့ကြရလေ သည်။
NLD သည်လူကြီးလူကောင်းဘွဲ့ ရခဲ့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေး တာ ဝန်ကျေပွန်ခဲ့သည်ဟုကား မဆိုနိုင်ချေ။


အခြေခံဥပဒေကို အတည်ပြုနိုင်ပြီးသည့်နောက် စစ်အစိုးရ အဖို့မှာ အစစအရာရာ ချည်ပြီး တုတ်ပြီးဖြစ်လေပြီ။
သို့သော် ထိုမျှနှင့် မရောင့်ရဲပါ။
ရွေးကောက်ပွဲ ကို မတရားဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ညစ်ပြန်သည်။
ထိုကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အလွန်ထူးခြားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။ ရွှေဂုံတိုင် ကြေငြာ ချက်သည် သေအံ့မူးမူး ဖြစ်နေသော NLD ကို ပြန်လည် အသက်ဝင်စေခဲ့သည်။
ခေါင်းဆောင်မှုမဲ့နေသော တက်ကြွ လှုပ်ရှားသည့် NLD နယ်ခေါင်းဆောင်များကို လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဦးဝင်းတင်သည် NLD ကို နိုင်ငံရေး သဘောတရား ဦးဆောင်မှု ပေးနိုင်သူ၊ လမ်းကြောင်းမှန်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကျယ်ပြန့်သော လူထု ထောက်ခံ မှု အင်အားကို ရရှိထားသူကား မဟုတ်ပါ။

ဦးဝင်းတင်ခေါင်းဆောင်သော NLD သည် ရွှေဂုံတိုင် ကြေငြာချက်ကို ထုတ်ပြန်နိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်း ပြုပြီး NLD ပါတီကွဲထွက်ခဲ့သည်။ သို့သော် ထိုအကွဲမှာလည်း သိပ်မဆိုးလှ။
ထို အကွဲ ကြောင့် ပါတီမှာ အားလျော့ မသွား သည့်အပြင် ပိုမိုအားကောင်းလာသည်။
NLD သည် ဦးအောင်ရွှေ၏ အပျော့ဆွဲ အယူကို ဆက်ခံသော ထိပ်တန်းခေါင်းဆောင်များကို ဆုံးရှုံး ခဲ့ရ သော်လည်း ယင်းတို့ အစား အခြား အုပ်စုကို လျော်ကြေး အဖြစ် ပြန်လည် ရရှိခဲ့သည်။

ထိုအခြားအုပ်စုကား အပျော့ဆွဲ သမားတို့၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရ သည့် တက်ကြွသော နယ်ခေါင်းဆောင်များဖြစ်သည်။
အစည်းပြေနေသော နယ်ဗဟို ကော်မတီဝင်များကို ပြန်လည် စုစည်း နိုင်ခဲ့ကြသည်။
NDF ကွဲထွက်သွားသည့် အတွက် NLD မှာ ပို၍ပင် သန့်စင်လာသည်။


၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အစဉ်အလာမပျက် မဲဆက်လက်ခိုးကာ ကြံ့ဖွံ့ပါတီကို မတရား အနိုင်ပေးလိုက်ပြန်ပါသည်။
သည်အထိ စစ်အစိုးရ၏ ကစားကွက်မှာ ယခင်ကစားကွက်များနှင့် မထူးခြားသေး။
၎င်းတို့ ရွှေ့မြဲထုံးစံဖြစ်သော အလိမ်အညစ် အကွက် များသာ ဖြစ်ချေသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်သည်။

ဒါလည်း မထူးခြားသေး။ ဆက်ဖမ်းဖို့ရာ မည်သို့မျှ အကြောင်းပြချက် ရှာမရ တော့သောကြောင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်
ပြည်သူတွေဘက်က တုန့်ပြန်ပုံကတော့ထူးခြားသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့် ပြည်သူလူထုသည် ပြန်လည် လှုပ်ရှား လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နယ်ရုံးများ၊ လယ်သမား အရေး အလုပ်သမားအရေး လှုပ်ရှားသူများ၊ လူငယ်ကွန်ယက်များ စည်စည်ကားကားပြန်ဖြစ်လာသည်။ ဒေါ်အောင်ဆန်း စုကြည်သည် လူထုခေါင်းဆောင် ဖြစ်သည်။ လူထုကို နိုးကြားစေနိုင်သော၊ ယုံ ကြည်မှု ပေးနိုင်သော ခေါင်းဆောင်ဖြစ်သည်။

လူထုကို ထိုသို့သော ယုံကြည်မှု၊ နိုးကြားမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မည်သူ မျှ မပေးနိုင်ပါ။
ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်၊ အားသာချက်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ စီအာပီပီက ဒုတိယပင်လုံညီလာခံဟူသော အမည်ဖြင့် အစိုးရကို ထိုးစစ်ပြန်ဆင်ရန် ပြင်ဆင် နေချိန်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သက်တမ်းတလျောက်လုံးတွက် စစ်အစိုးရ တီးပေးသော ဆိုင်းချက်ကို လိုက်ကနေကြ သည့်ဘဝ ကျရောက် နေရာမှ ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံဘက်က ဦးဆောင်သော ရွှေ့ကွက်ကို စတင်ရွှေ့ရန် ပြင်ဆင် ခြင်းဖြစ်သည်။

သို့သော် စီအာပီပီ အတွက် စည်းရုံးရေး အင်အားနှင့် လူထုထောက်ခံမှုမှာ သိပ်အားမကောင်းလှ။
ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်။ လူထုက ဝမ်းသာအားရဆီးကြိုကြသည်။
ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုရင်းစွဲ ရှိပြီး ဖြစ်သည့်အပြင် လူထုထောက်ခံမှုအားကို ရယူလိုသော စီအာပီပီတို့သည် ဒုတိယပင်လုံ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည့်လက် ထိုးအပ်လိုက်သည်။

စင်စစ် ထိုဒုတိယညီလာခံမှာ အစိုးရကို စိန်ခေါ်သော လုပ်ရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုစိန်ခေါ်နည်းကို သိပ်မကြိုက်ဟု ထင်ရသည်။


ထိုစိန်ခေါ်နည်းသည် စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်သော လမ်းကြောင်းကို ဦးတည်စေလိမ့်မည်ဟု ယူဆသလား မဆိုတတ်။
ဒုတိယ ပင်လုံ ညီလာခံအစား လူတွေကိုယ်တိုင် တွေ့ဆုံစရာ မလိုအပ်အောင် ၂၁ ရာစုနည်းပညာများကို အသုံးပြုမည်ဟု ဆိုသည်။

ညီလာခံ ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပြောင်းပေးသွားမည်ဟု ဆိုသည်။
အဘယ်ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသနည်း။
ဘာ့ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုလိုပါသနည်း။
ထိုအချိန်က မိုဘိုင်းဖုန်းကိုမျှ မည်သို့ အသုံးပြု စကား ပြောရမှန်းမသိသော ဒေါ်အောင်ဆန်း စုကြည်သည် အင်တာနက်တွေ၊ ဗီဒီယို ကွန်ဖရင့်တွေ၊ ဆိုရှယ်ကွန်ယက်တွေ နှင့် ပင်လုံညီလာခံကို မည်သို့ ဆက်စပ် အသုံးချလိုပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်သည် လူတွေ စုဝေးတွေ့ဆုံသော နည်းကို မကြိုက်သောကြောင့် ဒုတိယပင်လုံ ညီလာခံကို နာမည်ပြောင်း ၊ နည်းဗျူဟာ ပြောင်းလိုက်ခြင်းပေလော။
သို့မဟုတ် လူတွေစုဝေးသော နည်းမှာ ဖြစ်နိုင်ချေရှိမည် မထင်သောကြောင့် ပုံစံပြောင်းဖို့ ပြောဆိုခြင်းပေလော။

သို့တည်းမဟုတ် ဒုတိယပင်လုံကြောင့် အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး သူ့ကို အကျယ်ချုပ်ပြန်ချမှာ စိုးသောကြောင့် ပေလော။
အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ။ မည်သို့ ရှေ့ဆက်စခန်းသွားမည်ကိုလည်း မသိရချေ။

အစိုးရက တော့ ဒုတိယပင်လုံကို တော်တော်ကြောက်ရွံ့ပုံရသည်။
ညီလာခံ မလုပ်ဖို့ သတင်းစာထဲကနေ ဆောင်းပါးရေး တားမြစ် ခဲ့သည်။
ခြိမ်းခြောက်မှု အပြစ်တင်မှုတွေကိုလည်း စုံစေ့အောင် ထည့်သွင်းရေးသားသည်။

အစိုးရ၏ တားမြစ်ချက်မှာ ထိရောက်သည်ဟု ဆိုရမည်လောမသိ။
ဒုတိယပင်လုံညီလာခံမှာ သင့်တော်သော အချိန်တချိန်ချိန်တွင် အကောင်အထည် ဖော်မည်ဟု အချိန်ဆွဲရင်းနှင့် တဖြည်းဖြည်း ကြန့်ကြာခဲ့ရာ ယခုတိုင် ပြန်ပေါ်မလာတော့ချေ။

ဒေါ်စုကိုယ်တိုင် သိပ် စိတ်မပါသောကြောင့် ဒုတိယပင်လုံ မှေးမှိန်သွားခြင်းလော။
အစိုးရ၏ ဟောက်စားလုပ်ကွက် ပြီပြင်သောကြောင့် မှေးမှိန်သွားခြင်းလော။
သို့မဟုတ် အစိုးရသစ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လက်တွဲ ခေါ်ဆောင်ချိန်တွင် မိတ်မပျက်လိုသောကြောင့် တမင် မှိန်ထားခြင်း လော။
ထို့အပြင် အခြားတွေးတောဖွယ်အချက်တခုမှာ ဒုတိယပင်လုံ နှောင့်နှေး ကြန့်ကြာမှု အပေါ်တွင် စီအာပီပီတို့ က ကျေနပ် ကြည်ဖြူကြပါ၏လော ဆိုသည့် အချက်ဖြစ်သည်။


စီအာပီပီတို့ကို ဒေါ်စုတို့ အကြေ အလည် ဆွေးနွေးပြီးမှ အားလုံးသဘောကျ ဆိုင်းငံ့ ထားခြင်းလော။
သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်ကို မလွန်ဆန်နိုင်သောကြောင့် ဆိတ်ဆိတ်နေကြသလော။
ထိုမေးခွန်းတို့၏ အဖြေမှာ သိပ်မရှင်းလှပါ။ သို့သော် စီအာပီပီတို့မှာ ဒေါ်စုဘာလုပ်လုပ် ခေါင်းညိမ့်ကြမည့် သူများတော့ ဟုတ်ဟန်မတူပါချေ။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။
စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။

သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။

အစိုးရ၏ ဟောက်စား လုပ်ကွက် ထပ်မံ အောင်မြင်သွားပြန်သလော။
တွေးတောဖွယ် ဖြစ်သည်။

စစ်အစိုးရ ပြောင်းတော့ပြောင်းမည်၊ အကောင်းကို ဦးတည် မတည် မသေချာ
ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။
ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာ သည်။

သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။
ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။
ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြော ဆိုလာသည်။

သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။
အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။

ထိုမိန့်ခွန်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများက ပထမဆုံး ထောက်ခံလိုက်ကြသည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။

ထို့နောက်တွင်မူ ရွှေ့ကွက်တို့မှာ တဖြည်းဖြည်းပိုပြီးပညာသား ပါလာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။
ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည်။

သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။
နှစ်ဘက်စလုံးက သတင်းထိန်ချန် ထားကြသည်။ ဆွေးနွေးပွဲ မပြီးခင်တွင် ဝေဖန်သံ တွေကြောင့် ဆွေးနွေးပွဲကို အနှောင့်အယှက် မဖြစ်ရလေ အောင် သတင်းတို့ကို ထိန်ချန်ထားသည်ဟု ယူဆရသည်။

တကယ်တော့ ဝေဖန်သံတွေကြောင့် ဆွေးနွေးပွဲကို အနှောင့် အယှက်ဖြစ်မည် ဆိုသော အတွေး အခေါ် မှာ ဝေဖန်မှုကို ကြောက်သော စစ်အစိုးရ၏ အတွေးအခေါ်ဖြစ်သည်။ ရှိစေတော့။

၂၃ နှစ် စောင့်ဆိုင်းခဲ့ပြီးနောက် နည်းနည်း ပိုစောင့်ရသည်မှာ သိပ်မထူးတော့ဟုသာ ဆိုရတော့မည်။

ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။

မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။
ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။

အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။
သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။
ပြည်သူတို့ မသိရသေး။


သို့သော် အစိုးရ၏ လက်တွေ့လုပ်ပုံကိုင်ပုံတို့မှာမူ မပြောင်းလဲသေးပါ။
တိုင်းရင်းသားတို့နှင့် ထိုးစစ်ကို တိုးမြှင့် ဆင်နွှဲလေသည်။ နိုင်ငံရေး အကျဉ်းသားတို့ကို နှစ်ရှည်ထောင်ဒဏ်များထပ်မံချလေသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ခြင်း၊ စည်သူဇေယျကို လောလောလတ်လတ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက် ခြင်းသည် ထင်ရှားသော သာဓက တရပ်ဖြစ်သည်။

ထိုသို့သော အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်တော့မည်ဟု အဘယ်ကြောင့် ဒေါ်စုက ယုံကြည်ရပါသနည်း။
အစိုးရနှင့် ဒေါ်စု အကြားတွင် တကယ်ပင် ထိရောက်သော အပေးအယူ တခုခု သဘောတူထားပြီးပြီလော။
သို့မဟုတ် အစိုးရကို ပြောင်းလာစေချင်သော ဆန္ဒနှင့် အားပေး ဆွဲခေါ်နေခြင်းသက် သက်လော။
တခုခု သဘောတူထားပြီးပြီ ဆိုလျင် မထောင်းတာ။
ကိုယ့်ဆန္ဒနှင့် ဆွဲခေါ်နေခြင်းမျှသာ ဆိုပါမူ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကို မျှော်လင့်ချက်မှား ပေးနေသလို ဖြစ်နိုင ပေသည်။


ဒုတိယအုပ်စု လမ်းစဉ်လော၊ တတိယအုပ်စု လမ်းစဉ်လော
ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။
ထူးပါသည်။

လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။
အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။

ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။

လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။
တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။
“တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် အစိုးရဘက်က ကိုယ့်ကို ယုံဖို့လိုသည်၊ ယုံကြည်မှု တည်ဆောက်ရမည်၊ အစိုးရ အထင်မှားမည့် လုပ်ရပ် အပြောအဆို အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်” ဟူသော အောင်နိုင်ဦး၊ တင်မောင်သန်း၊ ဇော်ဦး အစရှိသည့် ဗဟုတို့၏ အယူအဆမျိုးကို ဒေါ်အောင် ဆန်းစုကြည် နှစ်သက်ပုံရသည်။

“စစ်တပ်နှင့် ဆက်ဆံရာတွင် ကိုယ့်လက်ကို သူမြင်အောင် ထုတ်ပြထားရမည်” ဟူသော နေဝင်းမောင်၏ အယူအဆမျိုးကို လက်ခံသည့် အဆင့် အထိတော့ မရောက်တန်ရာသေးဟု မျှော်လင့်မိသည်။

သို့သော် အာရပ်ကမ္ဘာလို လှုပ်ရှားမှုမျိုးမလိုအပ်ပါ ဟူသော အပြောမှာ ကြံ့ဖွံ့ အစိုးရအထင်မှားမှာ စိုးသောကြောင့် မျက်နှာချိုသွေးလိုက် သော စကားဟု ထင်မြင်စရာဖြစ်ပါသည်။


နိုးကြားတက်ကြွသော လူထုကို “ငြိမ်ငြိမ်နေကြပါ၊ သင်တို့ကို ဖိနှိပ်နေသူကို မဆန့်ကျင်ကြပါနှင့်၊ သင်တို့ လိုချင်သော အရာကို ကျွန်မက အေးအေး ဆေးဆေး ဆွေးနွေးပြီး ရယူပေးပါမည်” ဟူသော အနက်ဆောင်သည့် စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လေပြီ။

လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။

ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်း သက်သက်သာ ဖြစ်ခဲ့ပါမ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။

ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။
လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။

လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။
ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။
လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။

ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင် ရသည်။
လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။

ကိုယ့်လွတ်မြောက်မှုအတွက် အသက်စွန့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသော လူထုမှာ ခေါင်းဆောင်ကဆွဲထားသောကြောင့် စိတ်လျော့ထားရသော အဖြစ် ရောက် နေသည်။
တိုက်ပွဲမဝင်ဘဲ ဦးသိန်းစိန်ကို တရားချပြီး ဒီမိုကရေစီ ရမည်ဆိုလျင်တော့ အတိုင်းထက်လွန် တံခွန်နှင့် ကုက္ကားပါပေ။
သို့သော် ထိုသို့ လွယ်လွယ်နှင့် ရနိုင်ပါမည်လော။ ရနိုင်မရနိုင်ဆိုသည်ကို ယခုထက်တိုင် စမ်းသပ်၍ မပြီးစီးနိုင်သေးပါသလော။
၂၃ နှစ် သင်္ခန်းစာဖြင့် မသိနိုင်သေးပါသလော။
ဆွေးနွေးပွဲကို အဓိက သေနင်္ဂဗျူဟာ အဖြစ် ဆုပ်ကိုင်ပြီး လူထုတိုက်ပွဲကိုပင် ဟန့်တားရလောက်အောင် ဆွေးနွေးပွဲများကနေ ဒေါ်အောင်ဆန်း စုကြည် ဘာတွေများ ရရှိထားပါသနည်း။

ကျွန်တော်တို့ မသိသော အာမခံချက် တစုံတရာကို ဒေါ်စု ရရှိထားပြီး ဖြစ်ပါသလော။
အကယ်၍ ဒေါ်စု တစုံတရာရရှိထားလျင် ထိုရရှိထားသော တစုံတရာသည် ဘာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် များသိရှိကြပါသလော။
စီအီးစီများကို ချပြဆွေးနွေးထားပြီး ဖြစ်မည်ဟု ကျွန်တော် ယုံကြည် မျှော်လင့်မိပါသည်။
ဒေါ်စုသည် အာဏာရှင်ဆန်သော တကိုယ်တော် အလုပ်မျိုးကို မလုပ်ဟုထင်ပါသည်။
မလုပ်ဟု မျှော်လင့်မိပါသည်။



ဆွေးနွေးပွဲ၏ ရလဒ်ကို ကျွန်တော် ကြားသိခွင့်ရသမျှအပေါ်မှ အကောင်းမြင်နှင့် ပြောရပါမူ ယခုနောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံပြီးနောက်တွင်မူ အစိုးရဘက်က အနည်းငယ် အလျော့ ပေးလိုက်သော လက္ခဏာတရပ်ကို ထူးထူးခြားခြား တွေ့မြင်လာ ရသည် ဟုဆိုရပါမည်။

နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေး လိုက်ခြင်းဖြစ်သည်။
အနည်းငယ်ဟု ပြောရခြင်းမှာ တချက်ကို ပြင်ပေးလိုက်သော်လည်း၊ နောက်တချက်ကိုမူ ထုံးစံအတိုင်း မလိမ့်တ ပတ် ဆက်လုပ်နေသေး သောကြောင့် ဖြစ်သည်။

ထောင်ကျနေသူများကို ပါတီမှ ထုတ်ပစ်ရမည်ဟူသော စည်းကမ်းချက်ကို ပြင်ပေး လိုက်သည်။
ယင်းကား အလျော့ပေးလိုက်သော အချက်။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူသော အချက်အစား၊ အခြေခံဥပဒေကို လေးစား လိုက်နာပါမည်ဟု ပြင်ပေးလိုက်သည်။

ယင်းကား မလိမ့်တပတ်လုပ်လိုက်သော အချက် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို ပါတီကိုချပြ ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟုဆိုသည်။
လေးစားလိုက်နာပါမည်ဟူ သော အချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုသော အသံကိုကား မကြားရပါချေ။

ဘာ့ကြောင့် မတောင်းပါသနည်း။ တချက်ရလျင် တော်ပြီ၊ ကျေနပ်လောက်ပြီဟု သဘောထားသောကြောင့်ပါလော။
သို့မဟုတ် တောင်းလည်း ရမည်မဟုတ်ဟု ယူဆသောကြောင့်လော။
သို့မဟုတ် မှတ်ပုံတင်လိုဇောကြီးလွန်းသောကြောင့် အညှာလွယ်သွားပါသလော။



စစ်အစိုးရသည်ကား ၂၀၀၈ အခြေခံဥပဒေကို တပြားသားမျှ အပွန်းမခံပါ။
တကယ့် အနှစ်သာရသည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။
တကယ်တန်း အဆုံးအဖြတ်ပေးနိုင်သော အရာမှာ ၂၀၀၈ အခြေခံဥပဒေ ပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။
ဒီမိုကရေစီဘက်ကမူ ၂၀၀၈ အခြေခံဥပဒေကို မပြင်သေးသမျှ ကျန်သော ဟန်ပြ လုပ်ရပ်မှန်သမျှသည် ဘာမျှမဟုတ်ဟူသော အချက်မျိုးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားပုံမရ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောင်းလဲမှု၏ အစသို့ရောက်နေပါပြီဟု ပြောနေသည့် ကြားထဲကပင် အစိုးရသည် စိတ်ပျက်စရာ အပြုအမူကို ထပ်မံ ပြုမူလိုက်ပြန်သည်။

နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကိုသာ တွန့်တိုစွာ လွှတ်ပေးလိုက်သောကြောင့် အကောင်း မြင်ပြီး အမှတ်ပေးလိုသော သူတို့သည်ပင် မှန်းချက် နှင့် နှမ်းထွက် မကိုက်ဖြစ်ရ ပြန်ပါသည်။

နောက်ထပ် လွှတ်ပေးဦးမလိုလို လေသံ ပစ်ပြီး ယီးတီးယားတားလုပ်သော အလုပ်ကိုလည်း ထုံးစံအတိုင်းလုပ်ပြန်ပါသည်။


အမာဂိုဏ်း၊ အပျော့ဂိုဏ်း
ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခု ကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။
သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။
တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။

စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်း စုကြည်ကို ပြောလိုက်သလား မသိပါ။
ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။


အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။

စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။

သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။
တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။

တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။
အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။
သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။

သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။
သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။
ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။
ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။
နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။
သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။

ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။
တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။

နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။
အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။
လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။

မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။

ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။
ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။
IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။
အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။

ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။
အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။
ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။

ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။


စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။
ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။

ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။
သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။
ထာဝရတော့ မဟုတ်။

တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။

သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။
၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။
ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။

၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။
တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။

၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သော ကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။
ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။


စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။
စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။
တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။
ထောင်ချစရာရှိတာကို ထောင်ချ သည်။
တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။

ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။
ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။

တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။
ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။

၎င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလား ဆိုသော အချက်မှာ အထူး အလေးအနက် စဉ်းစားအပ် သော အရာဖြစ်ပါသည်။

စစ်အစိုးရကို သူတို့ အလိုကျ အလျော့ပေး ဆွေးနွေးကြဖို့ ပြောဆိုကြသူတိုင်း အမြဲလက်ကိုင်ထားသော ဆင်ခြေစကားတခု ရှိပါသည်။
ယင်းကား ဒါကလွဲပြီး တခြားဘာမျှ လုပ်စရာမရှိဟူသော စကားဖြစ်ပါသည်။
စင်စစ် ထိုစကားသည် လူထုလှုပ်ရှားမှုကို မယုံကြည် သော ကြောင့် ပြောသောစကားသာဖြစ်ပါသည်။
တခြားရွေးချယ်ရန်နည်းလမ်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပါသည်။
၈၈ အရေးအခင်း မအောင်မြင်၊ ၂၀၀၇ လှုပ်ရှားမှု အကျိုးမရှိဟု ထိုသူတို့ ပြောကြပါသည်။

တကယ်တော့ ဒီနေ့ ရရှိထားသောအသီးအပွင့်မှန်သမျှသည် ထိုအရေးအခင်း ကြီးနှစ်ခု၏ ရလဒ်များသာ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ကြပါ။
၈၈ အရေးအခင်းသာ မရှိလျင် နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဆိုသော ခေါင်းဆောင်ပင် မရှိနိုင်ဟု ဆိုချင်ပါသည်။
ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂမှာ ဘာဆုတခုမှ မရပါ။

သို့သော် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီရေး ဆောင်ရွက်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပါသည်။
ထိုအချက် ကို အနောက်နိုင်ငံများက မသိသော်လည်း ကျွန်တော်တို့ ပြည်သူများသိပါသည်။


လူထုလှုပ်ရှားမှုသည် နောင်တွင်လည်း ငြင်းဆန်၍ မရနိုင်သောအရာ အဖြစ် ထပ်မံ ပေါ်ထွက်လာပါဦးမည်။
ကြံ့ဖွံ့ အစိုးရ မရိုးသား ကြောင်း၊ ဆွေးနွေးပွဲနှင့် အလုပ်မဖြစ်နိုင်ကြောင်း ထင်ရှားလာသော တနေ့တွင် အားလုံးသည် လူထုလှုပ်ရှားမှုကို တောင်း ဆိုလာကြ ပါလိမ့်ဦးမည်။
သို့သော် ထိုအချိန်တွင် ကြံ့ဖွံ့ အစိုးရသည် အားလုံးကို ချည်ပြီးတုတ်ပြီး ချိုးနှိမ်ပြီး ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိ ပါသည်။


ဒေါ်အောင်ဆန်းစုကြည်သည် လူထုလှုပ်ရှားမှုကို နှစ်သက်ပုံမရပါ။
နိုင်ငံရေးအရ အလွန်ကြပ်တည်းသော ကာလမျိုးတွင်ပင် လူထုကို ဆန္ဒထုတ်ဖော်ကြပါ။
လမ်းပေါ်ထွက်ကြပါဟု ဘယ်တော့မှ တည့်တည့်မပြော။ လူထုကို ကိုယ့်ဖာသာ လုပ်ယူမှ ရမည်ဟု စောင်းပါးရိပ် ခြည်လောက်သာ ပြောသည်။

ထိုအချိန်မျိုးသည်လည်း လူထုအနေနှင့် လမ်းပေါ်မထွက်နိုင်လောက်အောင် အခြေအနေ သိပ်ကြပ်တည်း နေသော ကာလမျိုးဖြစ် တတ်ပါသည်။
တကယ်တန်းလူထုမှာ အခွင့်သာလာသော ယခုလိုအချိန်မျိုးတွင်မူ လူထုကို လမ်းပေါ်မထွက် အောင် ဆွဲထားပြန်ပါသည်။

လူထုကို ဘာလုပ်စေချင်ပါသနည်း။
လူထုကို ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေစေချင်ပါသလား။
ဒီမိုကရေစီ ရမရဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် နှစ်ဦးတည်းအပေါ်တွင်သာ မူတည် ပါသလား။
တိုင်းရင်းသားများကို သတ်ဖြတ်နေချိန်တွင် အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုနေခြင်းမှာ အဖြစ်မှန်နှင့် ကိုက်ညီပါ၏လော။
သို့မဟုတ် တိုးတက်မှုရှိ မရှိ တိုင်းတာပြောဆိုနေသော “အခြေအနေတွေ” ဆိုသော အရာတွေထဲတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစား မထားခဲ့လေ သလော။


စစ်အစိုးရဘက်တွင် အပျော့အမာ ကွဲမကွဲ ဆိုသည်ကို ကျွန်တော်တို့ မသိပါ။
ကျွန်တော်တို့သိသည်မှာ ဒီမိုကရေစီဘက်တွင် အပျော့အ မာကွဲတော့မည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်ဆိုသည့် အချက် ဖြစ်ပါသည်။
တက်ကြွသူ လူငယ်များ၊ တက်ကြွသူ NLD အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲကို ရာနှုန်းပြည့် ပုံပြီး လွှတ်ပေးထားရမှာကို တော်တော် စိုးရိမ်နေကြပုံ ပေါ်လာနေ ပါသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်။
ထိုသို့ အမြင်ကွဲပြားမှုဖြစ်နေကြခြင်းမှာလည်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းမ ဟုတ်ဘဲ အစိုးရက အစီအစဉ် ရှိရှိ ခွဲနေခြင်းသာဖြစ် ပါသည်။


ဒေါ်အောင်ဆန်းစုကြည်ကို တယောက်ထဲ သဲ့ယူခွဲထုတ်ဖို့ ကြံစည်နေပါသည်။ NLD စီအီးစီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြား ဆက် ဆံနေ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြပြီး ကျန် စီအီးစီတို့ကို မတူမတန်သလို နေပြသည်။

တက်ကြွသူများကို ရန်သူလို ဆက်ဆံသည်။ ထပ်ပြီး ထောင်ချဖမ်းဆီးပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်ထက်ပိုသည်။ အားလုံး၏ ခေါင်း ဆောင်ဆိုသော စကားမျိုးကို တတိယအုပ်စုနှင့် NDF တို့က တဆင့် အသံလွှင့်ပေးသည်။

တိုင်းရင်းသားတို့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ခွဲခြားဆက်ဆံပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားတို့ကို အင်တိုက်အားတိုက် တိုက်ခိုက် သတ်ဖြတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရလျင် အမေရိကန်၊ အာဆီယံ၊ အိုင်အမ်အက်ဖ်တို့ကိုလည်း ရပြီဟု စစ်အစိုးရက တွက်ချက်ပုံရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကို ရပြီး ဒီမိုကရေစီ မပေးရလျင် စစ်အစိုးရ အတွက် အကောင်းဆုံးဖြစ်သည်။
ဒီမိုကရေစီ ဘက်တော်သားများဘက်က ပြောရလျင် အဆိုးဆုံးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။
အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။

လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်။

သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။
ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။

လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။
ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။



- John Stewart

Copy From hittai

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers