ဖေ့စ်ဘွတ်ခ်(Facebook) လို့ခေါ်တဲ့ ပုဂ္ဂလိကပိုင် လူမှုကွန်ယက်တခုကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံသား Mark Zuckerberg ဆိုသူက တည်ထောင်ခဲ့တာဖြစ်ပါတယ်...ဗဟိုဌာနချုပ်ကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာပါ...
လူမှုကွန်ယက်တွေထဲမှာဆိုရင် ဖေ့စ်ဘွတ်ခ် (Facebook)ဟာ လူအကြိုက်အများဆုံးဖြစ်ပါတယ်...
အစပိုင်းမှာ အင်တာနက်ဆာဗာ တခုတည်းသာ ရှိခဲ့ပြီး...အခုဆိုရင် နိုင်ငံတ၀ှမ်း ဆာဗာ(Server)တွေကို Host လုပ်ထားတဲ့ Data Centers တွေ များစွာရှိလာပါပြီ.... Data စင်တာ တခုစီမှာ Host လုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် ဆာဗာ(Server)ပေါင်း ထောင်ပေါင်းများစွာရှိပြီး...အဲဒီကနေတဆင့် Fiber Optic Cable ကြိုးတွေသုံးပြီး ကမ္ဘာတ၀ှမ်းသို့ ချိတ်ဆက် ဆက်သွယ်ပေးတာ ဖြစ်ပါတယ်...
သုံးစွဲသူ အဖွဲ့ဝင်ဦးရေ သန်း(၅၀၀)ကျော်ရှိ လူမှုကွန်ယက်ကြီးတစ်ခုဖြစ်တဲ့ Facebook စာမျက်နှာတွေပေါ်မှာ လစဉ်လာရောက်ကြည့်ရှုတဲ့ စာမျက်နှာအရေအတွက်ပေါင်း (၆၉၀)ဘီလီယံကျော် ရှိတယ်လို့ ဆိုပါတယ်...
Data Center တွေမှာရှိတဲ့ အင်တာနက်ဆာဗာ(Server)တွေကလည်း အသုံးပြုသူတွေက နေ့စဉ် စက္ကန့်နဲ့အမျှ တင်နေတဲ့ ပို့စ်တွေ...ကွန်မန့်တွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ မြန်နိုင်သမျှ မြန်မြန်ရောက်ရှိအောင် အချိန်တိုင်း Update လုပ်ပေးနေရပါတယ်...မိမိတို့ တင်လိုက်တဲ့ ပို့စ်တွေ...ကွန့်မန့်တွေဟာ အဲဒီဆာဗာ (Server)တွေကို အရင်ဖြတ်ပြီးမှ သက်ဆိုင်ရာ မိမိတို့ မိတ်ဆွေတွေ...သူငယ်ချင်းတွေဆီ ရောက်လာကြတာပါ...
ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်မှာ နေ့စဉ် သန်း(၁၀၀)လောက် တင်နေတဲ့ ဓါတ်ပုံတွေကိုလည်း ဆာဗာတွေပေါ်မှာ သိမ်းဆည်းသိုလှောင်နိုင်ဖို့အတွက် နေရာတော်တော်များများ လိုအပ်ပါတယ်....ကမ္ဘာတ၀ှမ်း ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ သူတို့ရဲ့ ပို့စ်တွေ...သတင်းတွေ...ကွန့်မန့်တွေ...စသဖြင့် အချက်အလက်ပေါင်း (၃၀)ဘီလီယံကျော်ကို လစဉ် Sharing လုပ်နေကြပါတယ်...
Facebook Company အနေနဲ့ ဆာဗာ(Server)ထောင်ပေါင်းများစွာကို Host လုပ်ပေးထားတဲ့ Data Centers အရေအတွက် အနည်းဆုံး(၉)ခု ခန့်ကို အမေရိကန်နိုင်ငံမှာ ထိန်းချုပ်လည်ပတ်ရပါတယ်... ထုထည် အဆမတန်ကြီးမားတဲ့ နေ့စဉ်လုပ်ငန်းတွေကို လုပ်ဆောင်နေရတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ကြီး.. အဆင်ပြေချောမွေ့စေရန်အတွက် ဖြစ်ပါတယ်....
ကမ္ဘာတ၀ှမ်း ဖေ့စ်ဘွတ်ခ်(Facebook)အသုံးပြုသူ (၇၀)ရာခိုင်နှုန်းဟာ အမေရိကန်ပြင်ပ နိုင်ငံတွေကဖြစ်ပါတယ်... ဒါပေမဲ့....Sever တွေကို Host လုပ်တဲ့ Data Center တွေကတာ့ အမေရိကန်နိုင်ငံကလွဲလို့ ပြင်ပနိုင်ငံတွေမှာ အခြေစိုက်ထားတာ မရှိပါဘူး...
ဖေ့စ်ဘွတ်ခ် Company အနေနဲ့လည်း ၎င်းတို့ ကိုယ်ပိုင် Data Center ကို ၂၀၁၁ ခုနှစ် ဧပြီလ ရောက်မှသာ Prineville, Oregon မှာ စတင် ဖွင့်လှစ်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်...
Prineville, Oregon ရှိ ဖေ့စ်ဘွတ်ခ် Data Center အသစ်....
ဖေ့စ်ဘွတ်ခ်ဆာဗာတွေကို ဒီလိုတည်ဆောက်ထားပါတယ်...
ဖေ့စ်ဘွတ်ခ်ဆာဗာ အနီးကပ်ပုံ...
အအေးပေးတဲ့စနစ်တွေ စွမ်းအင် Backup လုပ်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်...
ပြင်ပကမ္ဘာတွေနဲ့ ဆက်သွယ်လို့ရအောင် ဖေ့စ်ဘွတ်ခ်ဆာဗာတွေကို Fiber Optical Cable ကေဘယ်လ်ကြိုးတွေနဲ့ ဒီလိုဆက်သွယ်ထားပါတယ်...
ကိုးကား...facebook, datacenterknowledge.com, internet
http://wunpawngnewsgroup.blogspot.com
KIA General Gunhtang Gam Shawng Briefing
Till today we KIA and Kachin people have join hand together to defend our land and protect Kachin civilian from invasion attack launch by Burma government army since 09 June 2011. We have no other options for peaceful political solution but KIA forces need to defend Burma army attack and invasion against Kachin people. However KIA is still perusing with possible political mean to resolve the civil war fire ignited by Burma government army.
So, serpent Satan Burma army has launched major offensive military operations with the intention for ethnic cleansing against KIA and Kachin people. Thus Burma army has deployed unusual large numbers of soldiers and using all kind of weapons, bombs and artillery for deadly civil war game against KIA and Kachin people. It was very clear that Burma army has committed grave human right violation against KIA and Kachin people with its acts of ethnic cleansing operations. The Burma army has launch its civil war against Kachin civilian as though we are the foreign intruders or foreign enemy.
Since the Panglung agreement was signed over 60 years ago by Kachin and other ethnic groups, including Burmese people to proclaim independent from British colonel rule 12 February 1947. However Burmese leaders were broken their deed in the agreements to rule autonomy stae government instead Burma military has intention to rule with dictatorship till today. All these years we Kachin have not give hope, supports and help from any government or neighbor country in any circumstances and situations. Obviously no one come forward to offer help and assist to Kachin people and other ethnic minorities in the Burma as the Asian neighbor countries government support majority people only with the hope for return of economy benefit.
However we Kachin have almighty God who love us, providing us, protect us and created us as Kachin people. We are more than conqueror in him with the strength from almighty God to glorify his name. What else do we need? We have almighty God with us and he has providing us richly all our needs, thus we have all we needs before him.
We KIA have given defensive operations code name called “Padang Hkrun Lam Majan Masing” for our defensive operations against Burma invasion. We are leading and fighting this battle with the strength of our God almighty and the God of more than a conqueror. Let our faith and strength in our God and let us be faithful in our God, surely we will defeat the enemy with the strength from God.
Therefore do not be fret or fear of any enemy against KIA or Kachin people, we must put our hope in our almighty and awesome God to glorify his name as conqueror for God in this battle. I urge all our Kachin people to stand united as one in God to defeat the enemy that fighting against us in time of current civil warfare start by Burma regime government.
General Guhtang Gam Shawng
Kachin Independent Army(KIA), Kachin Land
အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့အွန်လိုင်း Website များ/by Lu Bo
http://www.zogampost.com/index.php?option=com_content&view=arti... မှ
အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကို သွားရဖို့ အကြောင်းပေါ်လာရင် အင်္ဂလိပ်လိုပြောနိုင် ဖို့ speaking skill ကို ကျွမ်းကျင်ချင်ကြတယ်။ ကျွမ်းကျင်မှုတစ်ခုဆိုတာ လေ့ကျင့်မှုမရှိဘဲ မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ်ကြီးမှာ speaking သင်တန်းကောင်းကောင်းလေးများ မရှိဘူးလားလို့ မေးကြတယ်။ ကျွန်တော်ကတော့ အွန်လိုင်း သို့မဟုတ် အင်တာနက်ဟာ အကောင်းဆုံး သင်တန်းကြီးပဲလို့ပြောရင် လက်ခံနိုင်ကြပါ့မလား မသိဘူး။
အင်္ဂလိပ်စာသင်ယူမှုမှာ ဝိဝါဒကွဲတာ တွေအများကြီး။ နိုင်ငံခြားကလာတဲ့ foreigner နဲ့ သင်မှ တို့၊ နိုင်ငံခြား ကျောင်းတက်မှဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်။ ပြည်တွင်းဖြစ်နိုင်ငံခြားဆရာတွေအနေနဲ့ အင်္ဂလိပ်စာကို မြန်မာလိုပြောပြီး၊ စာဖတ်ပြ သင်နေတာတွေလည်း တွေ့ရတယ်။ အဲဒီလို သင်တန်းတွေ သွားတက်မယ့်အစား အွန်းလိုင်းကပဲ လေ့လာတာ ပိုကောင်းဦးမယ်။
အင်္ဂလိပ်လိုပြောဖို့ ရေးဖို့ဆိုတာ အခြေခံရှိပြီးသူတွေမှာ practice တွေအများကြီးလိုတယ်။ ကိုယ်နဲ့အတူ practice လုပ်နေတဲ့သူက စာဖတ်ပြနေတဲ့သူတွေ ဆိုရင်တော့ ပေးကားပေး၏ မရဆိုသလို ဖြစ်နေလိမ့်မယ်။
ကျွန်တော်တို့မှာ ဆရာမပါဘဲ သင်ယူ လေ့လာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အင်္ဂလိပ်စာကို free သင်ပေးနေတဲ့ site တွေအများကြီး အွန်လိုင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီ site တွေမှာ tutorial တွေ၊ games တွေနဲ့ အခြား လေ့လာသင်ယူ ချင်စရာ နည်းလမ်းပေါင်းစုံတွေပေးနေတယ်။ အဲဒီ site တွေကိုသွားကြည့်ပြီး ဆရာကို အားမကိုး၊ ကိုယ့်ကိုယ်ကို အားကိုးကြည့်ရင် ရနိုင်ကြောင်း အသိပေးချင်ပါတယ်။
Livemocha
http://www.livemocha.com/
Livemocha လိုင်းကကမ္ဘာ့ပထမဆုံး အွန်လိုင်း social language learning site လို့ပြောနိုင်တယ်။ ဒီ site ကိုလာတဲ့သူတိုင်း self-study ကို free လုပ်ခွင့်ပေးထားတယ်။ သင်ခန်းစာတွေ အများကြီးထည့်ထားပေးတယ်။ ကိုယ်နဲ့တွဲပြီး လေ့လာချင်တဲ့သူတွေကို ကမ္ဘာအရပ်ရပ်မှာ ရှာနိုင်တယ်။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံပေါင်း များစွာက သူငယ်ချင်းတွေက ကူညီဖို့ အသင့်စောင့်နေတယ်။ Livemocha မှာ video တွေ၊ audio တွေကို download ချယူနိုင်သေးတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ဆရာတွေရဲ့ ပို့ချချက်တွေ၊ အသုံးဝင်တဲ့ နည်းလမ်းလေးတွေလည်း လေ့လာနိုင်တယ်။
VerbaLearn
http://www.verbalearn.com/
အင်္ဂလိပ်စာ vocabulary ကြွယ်ဝချင်ရင် ဒီ site ကိုဝင်ပြီးလေ့လာသင့်တယ်။ လေ့လာသင်ယူစရာ နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပေးထားတယ်။ အဲဒီနည်းလမ်းတွေအားလုံးဟာလည်း အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတွေလို့ ပြောနိုင်တယ်။ အခမဲ့ရနိုင်တဲ့ အထဲမှာ vocabulary builders, MP3 နဲ့ ရယူနိုင်တဲ့ list တွေအပြင်၊ RSS vocabulary list ကိုပါတွေ့ရတယ်။ အခြားလေ့လာစရာတွေ အများကြီး ထည့်ပေးထားပါတယ်။
1-Language.com
http://www.1-language.com/
အင်္ဂလိပ်စာလေ့လာရာမှာ နားထောင်ခြင်း (listening) ဟာ အခြားဘာသာစကား သင်ယူမှုထက် ကောင်းတယ်လို့ပြောနိုင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ သူတွေ အတွက် ဒီ site မှာ အခမဲ့ audio သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ အများကြီး စီစဉ်ထားတယ်။ Tutorial အနေနဲ့ audio သင်ခန်းစာပေါင်း ၄ဝ လောက်ပေးထားတယ်။ လက်တွေ့လေ့ကျင့်နိုင်အောင် စကား ပြောတွေချည်းပေးထားတယ်။ Language ကို acadimic အနေနဲ့ လေ့လာနေတဲ့သူတွေ အမေရိကန် တက္ကသိုလ်တွေရဲ့သင်ခန်းစာတွေအတိုင်း လေ့လာနိုင်ပါလိမ့်မယ်။
BBC
http://www.bbc.co.uk/
BBC ရဲ့ ဘာသာစကားလေ့လာမှု website ဟာ ဘာသာစကားမျိုးစုံ လေ့လာဖို့အကောင်းဆုံး site တစ်ခုလို့ဆိုနိုင်တယ်။ အဲဒီအထဲမှာ အင်္ဂလိပ်လည်းပါတယ်။ Audio နဲ့ video course တွေကို အခမဲ့ပေးတယ်။ အွန်လိုင်း မှာ newsletters, language tips နဲ့ အခြား သင်ထောက်ကူတွေအစုံအလင် ပေးထားပါတယ်။
Using English.com
http://www.usingenglish.com/
အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ ကျောင်းသားတွေအတွက် အထူးအားထားလောက်တဲ့ site ဖြစ်ပါတယ်။ ဒီ site ထဲမှာ reference တွေ အများကြီးပေးထားတယ်။ ပြီးတော့ English glossary, ESL test, quizzes, worksheets, English usage article, ESL discussion forum ကဏ္ဍတွေက စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာဖို့ ရင်းမြစ်တွေအစုံပဲ။ လေ့လာရာမှာ အခက်အခဲ တွေ့နေရင်လည်း "Ask an English Teacher" မှာ မေးလို့ရတယ်။ သိချင်တာတွေကို ပြန်ဖြေပေးနိုင်တယ်။
About.com
http://www.about.com/
အင်္ဂလိပ်စာကို second language အနေနဲ့ သင်ခန်းစာ ၈ ခု အခမဲ့ပေးထားတယ်။ အဲဒီ course တွေကို အီးမေးလ်ကတဆင့် ပို့ပေးတယ်။ လေ့လာနိုင်တဲ့ learning resources တွေကိုလည်း link တွေပေးထားတယ်။ Community forum မှာ ကျောင်းသားတွေ အနေနဲ့ ကိုယ်လေ့လာထားတာတွေကို ဆွေးနွေးနိုင်တယ်။
Learn English Online
http://www.learn-english-online.org/
အင်္ဂလိပ်စာကို နည်းနည်းပဲသိသူတွေ၊ skill နိမ့်သူတွေအတွက် ဝင်ပြီးလေ့လာသင့်တဲ့ site တစ်ခုဖြစ်တယ်။ ဒီ site ထဲမှာ အခန်း ၁၁ ခန်းနဲ့ အခြေခံအင်္ဂလိပ်စာကို သင်ပေးထားတယ်။ Unit တိုင်းမှာ သင်ခန်းစာတွေ အများကြီးထည့်ပေးထားတယ်။ စုစုပေါင်း သင်ခန်းစာ ၅ဝ လောက်ကို အခမဲ့လုပ်ကြည့်နိုင်တယ်။
Word2Word
http://www.word2word.com/
ဒီ site ကတော့ အခမဲ့ရယူနိုင်တဲ့ အွန်လိုင်း language directory တစ်ခုဖြစ်တယ်။ Free ပေးတဲ့ language course အတော်များများကို link တွေလုပ်ပေးထားတယ်။ အွန်လိုင်း dictionary တွေ၊ translator တွေ၊ YouTube ပေါ်မှာ လေ့လာနိုင်တဲ့ ဘာသာစကားတွေ၊ ဘာသာစကားကို chatting လုပ်နိုင်တဲ့ site တွေနဲ့ အခြား ဘာသာစကားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကအစ အားလုံး ညွှန်းထားပါတယ်။
Transparent Language
http://www.transparent.com/
ဒီ site ကတော့ ဘာသာစကားလေ့လာတဲ့ learning ဆော့ဖ်ဝဲတွေကို ရောင်းတဲ့ site ဖြစ်တယ်။ ကိုယ်တိုင်လေ့လာနိုင်တဲ့ self-learners build vocabulary တွေကိုလည်း ဘာသာစကားပေါင်း ၁ဝဝ ကျော် လောက်နဲ့ အခမဲ့ပေးထားတယ်။ သူတို့ပေးထားတဲ့ free resources တွေထဲမှာ games, articles နဲ့ free downloads တွေလည်းပါတယ်။
EnglishClub
http://www.englishclub.com/
အင်္ဂလိပ်စာကို သင်ယူချင်တဲ့သူတွေ၊ သင်ကြားချင်သူတွေအတွက် အားကိုးလောက်တဲ့ site တစ်ခုဖြစ်တယ်။ Videos, lesson, games, chat တွေအစုံအလင်နဲ့ လေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို practice လုပ်ဖို့ အကောင်းဆုံး site တစ်ခုအနေနဲ့ ညွှန်းချင်တယ်။
Italki
http://www.italki.com/
ကမ္ဘာ့ဘာသာစကားလေ့လာမှုအွန်လိုင်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ Web 2.0 concept တွေနဲ့ အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားလေ့လာသူတွေကိုပါ အကူအညီပေးနေတယ်။ ဒီအဖွဲ့မှာ ဂလိုဘယ် partner တွေ၊ lessons, video, audio နဲ့ အခြား သင်ထောက်ကူတွေအများကြီးကို စီစဉ်ပေးထားတယ်။
A4esl.org
http://a4esl.org/
အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ဒီ site မှာလေ့လာနိုင်တယ်။ Level အသီးသီးကို ဘာသာစကားနှစ်မျိုး (bilngual) နဲ့ဖော်ပြထားတယ်။ အင်္ဂလိပ်စာ လှုပ်ရှားမှုဆိုတာ grammer quizzes, vocabulary quizzes, bilingual quizzes, crossword puzzles နဲ့ ESL podcasts တွေကို လေ့လာ ချင်စရာကောင်းအောင် စီစဉ်ပေးထားတယ်။
DigitalDialects
http://www.digitaldialects.com/
ဒီ site မှာပေးထားတဲ့ ဂိမ်းတွေက ဘာသာစကားကို လေ့လာချင်စိတ်ဖြစ်အောင်ကို ဆွဲဆောင်သွားပါလိမ့်မယ်။ ဘာသာစကား အမျိုးမျိုးလေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တယ်။ ပထဝီဝင်ဆိုင်ရာ ဂိမ်းကိုလည်းထည့်ထားပေးတယ်။ အခြား သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အခမဲ့ site တွေကိုလည်း link တွေ ပေးထားတယ်။
Radio Lingua Network
http://rlnvault.com/rln09/
အခမဲ့ အွန်လိုင်း audio lessons တွေကို ဘာသာစကား အမျိုးပေါင်း ၂ဝ နဲ့ သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာ လည်းပါတယ်။ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို download ချယူနိုင်တယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာကိုယ်ပြန်ပြီး အေးအေးဆေးဆေးလေ့လာနိုင်တယ်။ MP3 player နဲ့လည်း အသံဖိုင်တွေကို ဖွင့်နားထောင်ပြီး လေ့လာနိုင်တယ်။
Vocabulix
http://www.vocabulix.com/
အင်္ဂလိပ်စာ၊ ပြင်သစ်နဲ့ စပိန် vocabulary တွေကို vocabulary builder ကတဆင့် လေ့လာနိုင်တယ်။ Verb drills နဲ့ bilingual dictionaries တွေလည်း ထည့်ပေးထားတယ်။ ဒီ site မှာ vocabulary သင်ခန်းစာပေါင်း ၉ဝ လောက်ထည့်ထားပေးတယ်။
Myanmar Network http://www.myanmar-network.net/forum/topics/website-5
http://satekuupuyar.blogspot.com/2011/12/website.html
http://forverfriends.ning.com/profiles/blogs/website
Ninghtoi : Dec 4, 2011 (Laban)/Aten : 4pm-7:00pm
SHARA: CHIN REVIVAL BAPTIST CHURCH, Dallas, USA.
Jinghpaw Wunpawng Htunghking hte Laili Laika Hpung ( Texas, USA ) kawn Hkang (Chin) amyu bawsang ningbaw ningla ni hpe CHIN REVIVAL BAPTIST nawku jawng hta Jinghpaw
Wunpawng Htunghking Shat lit hte Myu Sha Lam Yan sa du bawngban jahkrum jahkrup lai wa lu sai.
Ndai zawn sa du jahkrum ai lam hta JLH ningbaw Slg. Lagwi Chang Hkaw kawn Hkang amyu sha ni a tsaw ra myit hte lam shagu hta tatut myit dum karum la ai hpe chyeju dum ai lam tsun shana lai wa sai. Matut nna mung lam shagu hta kahtap nna karum madi shadaw la na matu karum hpyi lajin lai wa sai.
JLH hpaji jaw Shy. Lamau Mun Kying kawn anh
te Jinghpaw Wunpawng Ji Woi Ji Wa ni a labau mau mwi hta Hkang amyu sha ni hte ginru ginsa n’gaw htawt yu hkrat wa ai bung nga ai lam, Hkristu hta mung kahpu kanau re nga ai zawn htunghking hku nna mung kahpu kanau re nga ai lam tsun sanglang lai wa sai. Matut nna ya yang byin nga ai majan hte seng nna mung, majan a majaw ru yak tsinyam hkrum sha nga ai Jinghpaw Wunpawng Myu Sha ni
hpe shinggyim nau na tsawra myit hte grau grau nna karum madi shadaw la na matut mung, Jinghpaw Wunpawng Myu Sha ni a htun
ghking shat lit grai manau dan lachyum rawng ai lam
hpe tsun sanglang nhtawm Htunghking Shat lit hpe Hkang ningbaw ni hpe ap ya sai.
Hkang ningbaw ni kawn mung JLH mu gun malawm ni yawng hpe kabu gara hkap tau hkalum la let manu dan ai Jinghpaw Wunpawng Htunghking hte maren sa du jahkrum ai lam
hpe chyeju dum ai lam, matut nna mung lam shagu hta karum madi shadaw na lam, Jinghpaw ni hte seng ai jahtum shiga ni hpe galoi
mung hti, madat ai lam, tatut byin nga ai majan hta KIA
(Kachin) maga de 100% madi shadaw ai lam tsun sanglang lai wa sai.
Dai hpang Htunghking shat lit arau hpran sha let kabu gara awngdang ai hku jahkrum jahkrup bawngban la lu sai.
ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ
(စိုင်းနေမင်း ပေးပို့သည်)
ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။
C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ
ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ
C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။ GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့ ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက် ဆက်သွယ်ရေးစနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။
ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး ကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။
C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
-နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီမံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
-လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
- လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂
-လေတိုက်နှုန်းခန့်မှန်းစနစ်
-Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုးယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။
စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့ စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။
C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy
C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။
C-17 လေယာဉ်တွင်း မြင်ကွင်း-၁
အထုးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်းလုပ်နိုင်စွမ်းရှိပါတယ်။
C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်အမှုထမ်းတွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။
ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်ကပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ် ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။
C-17 လေယာဉ်တွင်း မြင်ကွင်း-၂
C-17 လေယာဉ်တွင်း မြင်ကွင်း-၃
========================================================
ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းက်ုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ
==========================================================
- အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး
စိုင်းနေမင်း
ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။
အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။
အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။
ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။
နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။
ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။
ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀၀၃ ခုနှစ်က လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေးတယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။
သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက် ၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီးမားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။
ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီးလာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက် တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။
အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး
အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။
=========================================================
အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀၀၉ ခုနှစ် လန်ဒန် ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည် ကူးယူ ဖော်ပြလိုက်ပါတယ်။ (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲ့ကို ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)
========================================================
သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ
(ခေတ်ပြိုင်ဂျာနယ်မှ)
အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။
အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။
လုံခြုံရေး အထူးအစီအစဉ်
သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။
အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ၀ါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။
Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။
လေဆိပ်မှ လန်ဒန်လုံခြုံရေး
အိုဘားမားစီးတဲ့ AirForce One လေယာဉ်
အိုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။
မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။
ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။
စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။
အိုဘားမား၏ The Beast စီးတော်ယာဉ်
အိုဘားမားရဲ့ စီးတော်ယာဉ်ကား
အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။
အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။
အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။
ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။
အမေရိကန်သမ္မတ အခြံအရံများ
အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်
လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး (၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။
အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထားမည်ဖြစ်သည်။
လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလားအလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှာက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်းလှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။
American maigan hkringmang dat kasa Mrs Clinton Myen mung du
သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က “ဒီခရီးစဉ်က အမေရိကန်- မြန်မာဆက်ဆံရေးမှာ သမိုင်းတခုပဲ၊ ဘက်ပေါင်းစုံတိုး တက်မယ်လို့ မြင်တယ်” ဟု ဆိုသည်။
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က “မစ္စကလင်တန် အနေနဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့ လိုတယ် ဆိုတာကိုတော့ မြန်မာ အစိုးရကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ်” ဟုြေ
နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဆွေးနွေး ဟု KIO ပြော Click on++
Read more++click on (1)Read more++click on (2)
Read more++click on (3)
Read more++click on (4)
Read more++click on (5)