Rawt malan
london kia 51

လန်ဒန်တွင်ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနား။

အမိနိုင်ငံတွင် ပြည်တွင်းစစ်ကာလ ၈ လကျော်ချိန် ဖေဖော်ဝါရီလ ၅ ရက်တွင် ကျရောက်သော (၅၁) ကြိမ်မြောက် ကချင်လက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားကို ပြည်ပနိုင်ငံ (၉) ခုတွင် ကချင်အမျိုးသားများ အလေးအနက်ထား ကျင်းပခဲ့ကြသည်။


ဂျပန်နိုင်ငံ တိုကျိုမြို့၊ နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့၊ ဒိန်းမတ်နိုင်ငံ နိုက်ဘတ်မြို့၊ နယ်တာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ အမေရိကန်နိုင်ငံ တက်ဆက်၊ ဆန်ဖရန်စစ်စကို၊ ဝါရှင်တန်ဒီစီမြို့များတွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားအသီးသီးတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများလည်း တက်ရောက်ကြသည်။

ထူးခြားချက်မှာ တော်လှန်ရေးနေ့အကြို သောကြာနေ့ ဖေဖော်ဝါရီလ ၃ ရက်တွင် ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့ ၌ ၂၄ နာရီ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

ဖေဖော်ဝါရီလ ၄ ရက် ဥရောပနိုင်ငံ ၇ ခုမှ ကချင်လူမျိုးများသည် ဒိန်းမတ်နိုင်ငံ နိုက်ဘတ်မြို့တွင် ထိုအထိမ်းအမှတ်နေ့အဖြစ် ရိုးရာမနောပွဲပါ ပါဝင်ကခုန်ခဲ့သည်။

tokyo kia 51

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနား။

မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံမှ ပူးပေါင်း၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ KIO/KIA ၏ “Padang Hkrunlam Majan Masing (အောင်စစ်ပွဲပန်းတိုင်)” ကို နိုင်ငံရေးပန်းတိုင်း အပြည့်အ၀ ရရှိသည်အထိ ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်း ထောက်ခံထားသည်။

ထိုကြေညာချက်အား ထိုနှစ်နိုင်ငံနှစ်ခုရှိ ကချင်အမျိုးသား ၁၀၀၀ ခန့် လက်မှတ်ရေးထိုး သဘောတူ ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဇန်န၀ါရီလ ၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ကချင်အမျိုးသားများ ထုတ်ပြန်ကြေညာချက်ကိုလည်း လုံးဝ ထောက်ခံသည်ဟုဆိုသည်။

၎င်းတွင် ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကိုလိုလားကြောင်းနှင့် မြန်မာအစိုးရမှ ထိုဖယ်ဒရယ်မူကို လက်မခံလျှင် ခွဲထွက်ရေးမူကို လေးလေးနက်နက်လိုလားကြောင်း ဆန္ဒဖော်ထုတ်ထားသည်။

ကချင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင်ဆင်နွှဲနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ယခုချိန်ထိ နိုင်ငံရေး အခွင့်အရေး မရရှိသေးပါ။

KIO ဗဟိုကော်မတီ သဘာပတိ၏ မိန့်ခွန်းတွင် စစ်မှန်သောပြည်ထောင်စု ထူထောင်ရန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟုဆိုသည်။

သို့သော် မြန်မာအစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်မှ ဆွေးနွေးကာ KIO က ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံ၍ ဆွေးနွေးနေကြသည်။

နှစ်ဖက်ကြား ပြီးခဲ့သည့်လ ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သော်လည်း စစ်ရေးအရှိန်များသာ ထိန်းသိမ်းသွားမည်ဟုဆိုကာ တိကျခိုင်မာသော နိုင်ငံရေး သဘောတူညီချက် မရရှိခဲ့ပါ။
texas-kia-51

အမေရိကန်နိုင်ငံ Texas ပြည်နယ်တွင်ရောက်ရှိနေတဲ့ ကချင်အမျိုးသားများ ကချင်တော်လှန်ရေးနေ့ ကျင်းပနေပုံ။

တချိန်ထဲတွင် ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီမြို့တွင် ၃ ရက်ကြာ မယ်ကမ္ဘာ (ကချင်) ရွေးချယ်ပွဲနှင့် အတူ ကချင်ရိုးရာမနောပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပနေသည်။

တဆက်တည်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်၌ အိန္ဒိယနိုင်ငံ အရူနာရှာပရာဒေ့ရှ်ပြည်နယ်တွင် ဌာနေကချင်လူမျိုးများ မနောပွဲကျင်းပသွားရန်ရှိ သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၌် ဇန်နဝါရီလ ၁၀ ရက်တွင်ကျရောက်သော ၆၄ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များကဲ့သို့ ယခုနှစ်တွင် ရိုးရာမနောပွဲများဖြင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ၆ ရက်ကြာခရီးစဉ်အပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တော်မတ်အိုးဟေး ကင်တားနားက "ကချင်ပြည်သူများ တိုက်ခိုက် သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ ရပ်ရွာပြောင်းရွှေ့ခံရခြင်း၊ မြေယာသိမ်းပိုက်ခံရခြင်း၊ လူသားဒိုင်းများအသုံးပြုနေခြင်း၊ ကလေးစစ်သား စုဆောင်းခြင်း၊ အတင်းအဓမ္မလုပ်အားခိုင်းစေ ပေါ်တာဆွဲခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြီးများ ရှိနေသည်" ဟု ဆိုသည်။

kachinnews.com

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Htet dat na

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers