မိုးမခအထောက်တော် အမှတ် ၀၀၃
အောက်တိုဘာ ၃၊ ၂၀၁၀
အစိုးရတပ်ဖွဲ့ဝင်တို့ထံမှ သိမ်းဆီးရမိသည့် ပစ္စည်းတခု


KIA က အစိုးရတပ်သားများ၊ စစ်လက်နက်ပစ္စည်းများ ဖမ်းဆီးရမိမှုကို ရိုက်ကူးထားသော မှတ်တင်းရုပ်သံသည် အင်တာနက်တွင် ပျံ့နှံ့နေသည်။

မည်သည့်နေရာတွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း မသိရသေးပေ။ ရက်စွဲကို ၂၀၁၁ ဇူလိုင် ၁၆၊ ၁၇ ဟု စာတန်း ထိုးထားသည်။

KIA နှင့် အစိုးရတပ် တိုက်ပွဲအတွင်း ရိုက်ကူးထားသော မှတ်တမ်း ရုပ်သံကို http://www.dawnmanhon.com/2011/10/kiao-kiao.html တွင် ဖော်ပြထားသည်။

မှတ်တမ်းရုပ်သံ ၇ မိနစ်ခန့်တွင် ပါဝင်သော အနီးကပ် ရိုက်ချက်များတွင် ရုပ်အလောင်းများကို တွေ့ရသည်။

KIA/O Padang Lu SumLa Hkrung from Shanghtin on Vimeo.

ဖမ်းမိသည့် သုံ့ပန်းများ၏ ပြောဆိုချက်အရ ၎င်းတို့မှာ ခလရ ၂၁ မှ ဗိုလ်ကြီးထွန်းထွန်းဝင်း (ကြည်း – ၃၆၈၂၉)၊ ဗိုလ်ဇော်ရဲထွန်း (ကြည်း – ၅၆၈၄၄) နှင့် တခြား တပ်သား ၂ ဦး ဖြစ်သည်။

သုံ့ပန်းတို့ကို မေးမြန်းနေစဉ်မှာ ပစ်ခတ်သံများ ထွက်ပေါ်နေသည်။

KIA သည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင် အပြင်းအထန် ထိုးစစ်ဆင်ခံနေရသည်။

သိမ်းဆီးရမိသည့် ပစ္စည်းများကို လေ့လာနေသည့် KIA ခေါင်းဆောင်များ အရာရှိများ

ခလရ ၂၁ မှ ဗိုလ်ကြီးထွန်းထွန်းဝင်း (ကြည်း – ၃၆၈၂၉)

ဗိုလ်ဇော်ရဲထွန်း (ကြည်း – ၅၆၈၄၄)

share

No related posts.

Tags: ,

6 Responses to KIA ၏ တိုက်ပွဲ မှတ်တမ်း ရုပ်သံ အင်တာနက်တွင် ဖြန့်ချိ

  1. honetharmon on October 3, 2011 at 3:35 pm

ုKIA , KNU DKBA တော်လှန်ရေးတပ်ဖွဲ့တွေဖမ်းမိတဲ့သုံ့ပန်းတွေနိုင်ငံတစ်ကာဥပဒေနှင့်အညီပြန်လွှတ်ပေး
    ကြတယ်။ နိုင်ငံကိုအစိုးကထားတဲ့အစိုးရက လူပေါင်မြောက်မြားစွာအသက်ကိုသူတို့ရဲ့အာဏာချုပ်ကိုင်
    လိုမူနဲ့စတေးနေကြတယ်။တပ်မတော်သားတွေကိုသနားမိပါတယ်။ အူမတောင့်အောင်မစားရပဲအသက်
    ကိုပေးဆပ်နေရတယ်။ တပ်မတော်သားများဒါကိုသဘောပေါက်နိုင်တဲ့ညဏ်ရှိရင်ငါ့တို့နိုင်ငံလွတ်လပ်ပြီး။
    တပ်မတော်မှာ ၊ ပြည်သူကိုကယ်တင်ဖို့ဖောက်ထွက်နိုင်တဲ့လူရှိစေချင်တယ်။ဥပမာဗိုလ်ချုပ်လိုပေါ့။

    • zaeya on October 3, 2011 at 9:03 pm

      ဗမာစစ်တပ်က သုံ့ပန်းတွေကို ညှင်းဆဲတာ၊ သတ်တာ၊ ဂုဏ်သိက္ခာညှိးနွမ်းအောင် လုပ်တာဟာ War Crime ပါဘဲ။ အခု ဒီလုပ်ရပ်တွေကိုကော မတော်တဆ အွန်လိုင်းပေါ် တက်လာတယ်လို့ ထင်ပါသလား။ ဒီလူတွေဟာ နအဖရိက္ခာစား စစ်သားတွေဆိုပေမယ့် သူ့မှာလည်း လူ့ဂုဏ်သိက္ခာရှိပါတယ်။ သူတို့က သုံ့တွေပါ။ မသတ်ဘူးဆိုပေမယ့် သူတို့သိက္ခာကို နင်းချေတာနဲ့ မတူဘူးလား။ သူတို့တွေမှာ ဂုဏ်သိက္ခာမရှိတော့ဘူးလား။ ဒီလိုပုံစံမျိုး အလားသဏ္ဍာန်တူတဲ့ ဗွီဒီယိုကလစ်တွေကို တဖက်ကလည်း ထုတ်လွှင့်လာမယ်ဆိုရင် ဘယ်လိုနေမလဲ။ ဒါကို လက်ခံတယ်ဆိုရင် ပြောစရာမရှိတော့ပါ။ ဒါကို လက်ခံတယ်ဆိုရင် ပြောစရာမရှိတော့ပါ။ ကျနော်ကတော့ ဗမာဖြစ်လို့ ဒီလိုလုပ်ရပ်မျိုးကို ဗမာတွေဘက်က လုပ်ရင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ကျနော်အနေနဲ့ ပြောရရင် လောကရဲ့ တရားမျှတမှုစံအတွက် တိုက်တယ်လို့ မမြင်တော့ဘဲနဲ့ အချင်းချင်း အင်အားလုနေကြတယ်လို့ဘဲ့ ယူဆရုံပါ။ ဒါဆိုရင် အားကြီးတဲ့သူက အနိုင်ပေါ့။

  2. zaeya on October 3, 2011 at 4:43 pm

    ဒီလုပ်ရပ်မှာ စဉ်းစားစရာတွေ ပါပါတယ်။ အဲဒီလိုမျိုး မြင်ကွင်းကို ဗမာစစ်တပ်ဘဲ့ ခေါ်ခေါ်၊ နအဖစစ်တပ်ဘဲ့ခေါ်ခေါ်၊ ကြံ့ဖွံ့စစ်တပ်ဘဲ့ခေါ်ခေါ် စစ်တပ်ကလည်း ထုတ်ပြန်မယ်ဆိုရင် ဘယ်လိုသုံးသပ်ကြမလဲ။ ကျနော်တို့ ဘယ်လိုဝေဖန်ကြမလဲ။ စစ်ပွဲမှာထားရှိရမယ့် သုံ့ပန်းတွေအပေါ်မှာ ထားတဲ့သဘောထားတွေကို ဘယ်လို သုံးသပ်ကြမလဲ။ ကေအိုင်အေစစ်သားကို သတ်တုန်းက ကျနော်တော့ စစ်တပ်ကို တူးတူးခါးခါး ဆန့်ကျင်ခဲ့တယ်။ ဒီလိုကလစ်မျိုးကို ဗမာစစ်တပ်က ထုတ်လိုက်မယ်ဆိုရင် ကျနော်ကတော့ ဂျီနီဗာတွေ ဘာတွေနဲ့ ကိုင်ပေါက်ပစ်လိုက်မယ်။ ရှုတ်ချပစ်လိုက်မယ်။ အခုတော့ ဒီကိစ္စအပေါ်မှာ ကျနော်ဘယ်လိုသဘောထား ပေးရမလဲ။ ကျနော်သာမန်ပြည်သူတယောက်ပါ။

  3. Ko Lat on October 3, 2011 at 8:53 pm

    Clearly you can see the different between KIA and Burmese Solders. KIA don’t rape women, don’t burn the villages, don’t torture and kill the innocents, These captured Burmese solders have been treated medication and released.

    Anyway, just awful and ugly to see someone killed such this way. But this is war and not much choice for every solders. You just have to take better position and one step ahead of the enemies.

  4. puremyanmar on October 3, 2011 at 11:13 pm

    i think this nothing special

  5. maungyit on October 3, 2011 at 11:33 pm

    ပြည်တွင်းစစ်တွေ ချက်ခြင်းရပ်ကြပါ။ ငြိမ်းချမ်းရေးကို အတူတူ ထူထောင်ကြပါ။
    တိုင်းရင်းသားတွေ ညီအကိုမောင်နှမတွေ အချင်းချင်း သတ်ဖြတ်တာတွေ ရပ်ကြပါ။
    ကျနော်တို့တွေအားလုံး အတူတူ တိုင်းပြည်ကို တည်ထောင်ကြမယ်။
    ဒါပဲ အရေးကြီးပါတယ်။


0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers