By:jadeland:facebook

ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အား စစ်ရေးအရအနိုင်ယူတိုက်ခိုက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာအစိုးရ စစ်တပ်တို့ သည် စစ်မျက်နှာပေါင်းစုံဖွင့်လျက် ကေအိုင်အေ တပ်မတော်အားအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရာ ယခုအခါ ဆဒုံး ( Sadung ) ကန်ပိုက်တီ ( KamPai Ti ) လဖိုင်( Lahpai ) လမ်းးပိုင်း ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ရန်ပြင်ဆင်သည့်အနေဖြင့် အဆိုပါဒေသသို့ စစ်အင်အားအလုံးအရင်းပို့ ဆောင်လျက်ရှိနေပါသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့ ည ( ၉)နာရီခန့် က ၀ိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ(၈၈)မှတပ်ဖွဲ့ ဝင်အင်အား ( ၁၅၀-၂၀၀)ခန့် သည် ညအမှောင်ကို အကာအကွယ်ယူကာ ဆဒုံး-ကန်ပိုက်တီဒေသ သို့ စစ်ကြောင်းထိုး ချီတက်သွားကာ တနလာင်္မနက်ပိုင်းတွင်လည်း ထပ်မံ၍ နောက်ထပ် စစ်အင်အား အယောက် ( ၃၅၀-၄၀၀)ခန့် အဆိုပါဒေသသို့ ထပ်မံချီတက်သွားကြောင်းသိရှိရသည်။ စစ်ကြောင်းနှင့်အတူ ရိက္ခာ လက်နက်ခဲယမ်း သယ်ဆောင်သော စစ်ကားတန်းများ၊ ၀န်တင်သော မြင်း ၊ လား များ အကောင် (၅၀)ခန့် ပါရှိကြောင်းသိရှိရသည်။

အဆိုပါ စစ်ကြောင်းထိုးတက်သွားပြီး နောက် စစ်ကြောင်းချီတက်ရာလမ်းကြောင်းပေါ်ရှိ ၀ါးရှောင်- ဂေါ်ဆက်ယန် ကျေးရွာ အထက်ဘက်ရှိ ဘွမ်တောမ် ( Bum Tawng) ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာ နိုဝင်ဘာ(၆-၇)နှစ်ရက်ဆက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရသည်။ ၄င်းတိုက်ပွဲ အသေးစိတ်သတင်းအား မသိရှိရသေးပါ.။

ထို့ အပြင် ယခုအခါ မြစ်ကြီးနား-ကန်ပိုက်တီ ကားလမ်းကို လည်းပိတ်ပစ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်းသိရှိရသည်။ှအရပ်သား တစ်ဦးအားလည်း အဆိုပါစစ်ကြောင်းမှ ကေအိုင်အေ သူပုန်အဖြစ်စွပ်စွဲကာ သုံ့ ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းထပ်မံသိရှိရသည်။

Source ( Jinghpawkasa )

· · Share

  • Lachid Kachin and 19 others like this.
  • 28 shares
    • Burma Thwe သတင်းတွေ အတွက် ကျေးဇူးပါဘဲဗျို့..။ ရှယ်သွားပါတယ် ခင်ဗျာ ။
      20 hours ago · · 1
    • Michael Jiang တော်တော်ဆိုးဝါးတယ်ကွာ....လိုင်ဇာလမ်းကောကန်ပိုင်တီလမ်းပါပိတ်လိုက်တော့လူတော်တော်များများဒုက္ခရောက်တော့မှာပဲ....ကြည့်လုပ်အုံး
      20 hours ago · · 1
    • May Thingyan Hein သတင်းအတွက် ကျေးဇူးပါ။
      20 hours ago · · 1
    • Myint Zu စစ်ဖြစ်ပြီဆိုမှတော့ အဲ့ဒေသမှာရှိကြသူတွေအကုန်လုံးဟာ စိတ်ရောကိုယ်ပါဆင်းရဲကြတော့မှာပေါ့။
      19 hours ago · · 1
    • Michael Jiang အစကတော့ကန်ပိုင်တီလမ်းပေါက်တော့အသက်ရှူချောင်သေးတယ်..အခုတော့တရုတ်ပြည်သွားတဲ့လမ်းအကုန်ပိတ်လိုက်တော့သေရောပေါ
      19 hours ago · · 1
    • Michael Jiang သူခိုး၊ဓားပြတွေပိုပေါလာမှာတော့အသေအချာပဲ...
      19 hours ago · · 1
    • Myint Zu အားလုံးသောလူအပေါင်းချမ်းသာခြင်းသုခ အမြန်ရရှိနိုင်ကြပါစေရှင်။
      19 hours ago · · 2
    • Deeram Rapma sniper ဆယ် ရောက် လောက် နဲ့ ချိန် ပြစ် လိုက် ရ မှာ..အ ခုလို တက် လာ တဲ့ ချိန် ပေါ့...................ဘာပဲ ဖြစ့်ဖြစ် KIA အ နိုင် ရ ပါ စေ..ဘုရား ကာကွယ်ပါ စေ..
      19 hours ago · · 5
    • Ninghkrin Shareshagan လားတွေနဲ့ဆန်အိတ်တင်သွားတာကတော့ စစ်တိုက်သွားတာနဲ့ကိုမတုတာ.. KIA တွေ စစ်တိုက်သွားတာက ဓါးမတချောင်းတဲ့ တောထဲထွက်လိုက်ရင် စားချင်တာ အကုန် ရ တာ၊ ကွာ ပါ့၊
      18 hours ago · · 2
    • Ninghkrin Shareshagan နိုဝင်ဘာ(၆-၇)နှစ်ရက်ဆက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ပြီး အစိုးရတပ် ဝိုင်း ခံထား နေ ရ ပါ တယ်..ပဲခုးကတပ် ဆို တော့ နမော်နမဲ့နဲ့ အပြတ် ခံနေရတယ်၊
      18 hours ago · · 3
    • Kyaw Swa Hein Thanks for the news.
      17 hours ago · · 1
    • Rstarry Shan ဖတ်ရတာစိတ်မချမ်းသာဘူး၊ အဲဒီကအပြစ်မဲ့တဲ့ကလေးတွေအတွက် ရင်လေးတယ်ရှင်။
      15 hours ago · · 1
    • Ag Myint Tham သတင်းအတွက်ကျေးဇူးပါ။ ရှယ်သွားပါတယ် ခင်ဗျာ။
      15 hours ago · · 1
    • Clapping Crab သတင်းအတွက် ကျေးဇူးတင်ပါတယ်။
      13 hours ago ·
    • Ko Phyo သတင်းအတွက်ကျေးဇူးပါ။ ရှယ်သွားပါတယ် ခင်ဗျာ
      13 hours ago ·
    • Sai Ko သတင်းအတွက်ကျေးဇူးအထူးပါ။
      11 hours ago ·
    • May Thingyan Hein
      ဖတ်ရတာ တကယ်ပဲ စိတ်ထိခိုက်စေတယ်။ တိုင်းရင်းသားအတွှေ အချင်းချင်းလည်း ယုံကြည်မှုရိပါတယ်။ ခုလို တိုက်ပွဲဖြစ်နေတဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေကို ကျမ လေးစားမှု ရှိပါတယ်။ သူတို့သာ ကြံကြံ့ခံပြီး မကွာကွယ်ခဲရင် ကချင်ပြည်နယ်ဟာတရုတ်ပြည်အောက် စုံးစုံးမြှုပ်ခဲ့ပြီဖြစ်မှာပေါ့။ ကချင်အဖွဲ့တွေ ရှိလို့သာ ဧရာဝတီဟာ ခုလောက်ကျန်ရတာပါ။ ကျမ စိတ်ပျက်မိတာက ခုချိန်ထိ တိုင်းရင်းသားရေးအတွက် နည်းနည်းမှ ထည့်မစဉ်းစားတဲ့သူတွေကိုပါ။ လက်နက်ကိုင်ြီ့ပီး တိုက်မှ ဖြစ်မယ့် အခြေအနေမှာ တိုက်ကြရတာကို နားလည်ပါတယ်။ အဲဒီလို နည်းလမ်းမဟုတ်တဲ့ တခြားနည်းလမ်းများ ရှိရင် ဖြစ်စေချင်မိတာပါရှင်။ ဒေသခံတွေ အထိနာလွန်းလို့ပါရှင်။
      10 hours ago · · 6
    • Khun Saing ရှယ်သွားပါတယ်။ သတင်းတွေအတွက် ကျေးဇူးပါ။ သေချာတာ ဒီစစ်ဟာ မြန်မာအစိုးရရဲ့ တရားသော စစ် မဟုတ်တာပါပဲ
      6 hours ago · · 2
    • Sai Thein Win အစိုးရကသာ တိုင်းရင်းသားပြည်နယ်တွေကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုအစိုးရအစစ်ဖြစ်ခဲ့ရင် ခုခံတော်လှန်သူတွေလဲ ဘယ်ရှိပါ့မလဲ.. ပြည်နယ်တွေက လက်မခံပဲနဲ့ အစိုးရဝင်လုပ်ချင်လို့ တိုက်တဲ့စစ်ကလဲ ကျူးကျော်စစ်ပဲဖြစ်တော့မပေါ့..
      about an hour ago · · 2

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers