-နေမင်းသူ-

တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ မည်သည့်နိုင်ငံ မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်စေဘဲ၊ ထာဝရငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကိုသာ ဆောင်ကျဉ်းလာကြောင်း တရုတ်ခေါင်းဆောင်တို့ စဉ်ဆက်မပြတ် ဂုဏ်ယူဝံ့ကြွား ပြောဆိုလေ့ရှိသော်ငြားလည်း….။

၂၀၁၀ အတွင်း အရှေ့တောင်အာရှနိုင်ငံများမှ စစ်ဗိုလ်ချုပ်တွေ စစ်လက်နက်ပစ္စည်းအ၀ယ်သွက်နေပုံ၊ ကာကွယ်ရေးအသုံးစရိတ် ရက်ရက်ရောရောသုံးစွဲနေပုံတွေကိုကြည့်ရတာ ခရစ်စမတ်ဈေးပွဲတော်လား အမှတ်မှားလောက် စရာပင်။

နိုင်ငံအသီးသီးအလိုက် စစ်ရေးအသုံးစရိတ်တွေကိုလေ့လာကြည့်လိုက်တဲ့အခါ-

အင်ဒိုနီးရှားက ရုရှားလုပ် ဂျက်တိုက်လေယာဉ် ၆ စီး (အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဘိုး) ၀ယ်ယူထားပြီး၊ ထိုင်းကလည်း အားကျမခံ ယူကရိန်းလုပ်တင့်ကား ၉၆ စီး ($ ၁၂၅ သန်း) လက်ဝယ်ရရှိထားပြီး၊ ဆွိဒင်လုပ် ဂျက်တိုက်လေယာဉ် ၆ စီးနဲ့ လေယာဉ် ၂ စီး($ ၅၇၄ သန်း) မှာယူခဲ့တာ ၂၀၁၁ နှစ်ဆန်းပိုင်းမှာ ရရှိခဲ့ပါတယ်။ စင်္ကာပူကတော့ ဆွီဒင်လုပ် ရေငုပ်သင်္ဘော ၂ စီး( $ ၁၂၈ သန်း)၊ မလေးရှားက ပြင်သစ်-စပိန်လုပ် ရေငုပ်စစ် သင်္ဘော ၂ စီးအတွက် $ ၂ ဘီလီယံ အကုန်အကျခံထားတယ်။

ဒီလိုလက်နက်ဆန်းတွေ သူ့ထက်ငါအပြိုင်ကြဲစုဆောင်းနေခြင်းက အကြောင်းအရာနှစ်ရပ်ကို ညွှန်ပြနေပါသတဲ့။ ပထမအချက်က အာဆီယံအစည်းအဝေးတွေမှာ ညီအစ်ကိုတော်ချစ်ကြည်ရေး ကြေညာချက်တွေကို အဖွဲ့ဝင် နိုင်ငံတွေ လက်မှတ်ရေးထိုးကြပေမယ့် တစ်ဘက်မှာတော့ အချင်းချင်း သူ့မယုံကိုယ့်မယုံ သတိထား ဆက်ဆံမှု တွေရှိနေတယ်။ နောက်တစ်ချက်ကတော့ ဒေသတွင်းမှာ တရုတ်ပြည်ကြီးအင်အားကြီးထွားလာတာ ကို အာဆီယံက လူသိရှင်ကြားကြိုဆိုသမှုပြုထားသော်လည်း ဖြစ်ပေါ်လာနိုင်တဲ့ တင်းမာမှုတွေအတွက် ကြိုတင် ပြင်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

၂၀၀၀-၂၀၀၄ နဲ့ ၂၀၀၅-၂၀၀၉ ကာလနှစ်ခုအကြားမှာ အင်ဒိုနီးရှားက လက်နက်တင်သွင်းမှုနှုန်း ၈၄ ရာခိုင်နှုန်း၊ စင်္ကာပူက ၁၂၅ ရာခိုင်နှုန်း၊ မလေးရှားက ၇၂၂ ရာခိုင်နှုန်း အသီးသီးတိုးတက်လာတယ်လို့ Stockholm International Peace Research Institute (SIPRI) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဆင့်မြင့်ဒုံးစနစ်တပ်ဆင်အသုံးပြုထားသော တာဝေးသုံး ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများက တင်သွင်းလာတဲ့လက်နက်ပမာဏဟာ ဒေသတွင်းတည်ငြိမ်မှု ကို ထိခိုက်စေတယ်၊ ဆယ်စုနှစ်ကြာခိုင်မြဲလာတဲ့ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်တယ်လို့ အထက်ပါအဖွဲ့ရဲ့ အာရှ ရေးရာကျွမ်းကျင်သူ Siemon Wezeman ကဆို ပါတယ်။

ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့နောက်ပိုင်း SIPRI ကဖော်ပြတဲ့ လက်နက်တင်သွင်းမှုအများဆုံး ဆယ်နိုင်ငံစာရင်းမှာ စင်္ကာပူနိုင်ငံဟာ အရှေုတောင်အာရှနိုင်ငံများထဲမှ ပထမဆုံးနိုင်ငံအဖြစ် စာရင်းချိတ်လာတယ်လို့ဆိုပါတယ်။ မကြာသေးခင်ကပဲ စင်္ကပူနိုင်ငံဟာ စတိလသ်ဖရီဂိတ်စစ်ရေယာဉ်တွေ အပါအ၀င် အဆင့်မြင့်ကာကွယ်ရေးသုံး စစ်ပစ္စည်းတွေဝယ်ယူလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့သင်္ဘောထုတ်လုပ်မှုအချက်အချာ ကျွန်းနိုင်ငံလေးရဲ့ မလုံခြုံမှုသောကခံစားချက်ကို ထင်ဟပ်ပြလိုက်တာပါ။ တရုတ်ရဲ့စစ်အင်အားချဲ့ထွင်လာမှုနဲ့ တောင်တရုတ် ပင်လယ်တွင်းရှိ သယံဇာတပေါကြွယ်ဝတဲ့ ကျွန်းတွေအများစုကို တရုတ်ကသူပိုင်ကြောင်း ပြောဆိုနေတာ ကလည်း အရှေ့တောင်အာရှနိုင်ငံများ လက်နက်အပြိုင်အဆိုင်တပ်ဆင်ဖို့ တွန်းအားတစ်ခုလိုဖြစ်နေပါတယ်။ ရေနံနဲ့ ဓာတ်သတ္တုပေါကြွယ်ဝတဲ့ အဲဒီကျွန်းတွေကို နိုင်ငံခြောက်ခုလောက်က သူပိုင်ငါပိုင်အငြင်းပွား နေတာ ဖြစ်ပြီး အတိတ်ကာလမှာ ရေတပ်ချင်းထိပ်တိုက်တွေ့မှု တွေလည်းရှိခဲ့ဖူးပါတယ်။



တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လွှမ်းမိုးဗိုလ်ကျမှုကို ဗီယက်နမ်နိုင်ငံက ဗြောင်ဆန့်ကျင်တယ်။ ၂၀၀၉ ဒီဇင်ဘာလအတွင်း ဗီယက်နမ်က ရုရှားလုပ် ရေငုပ်သင်္ဘော ၆ စီး( $ ၂ ဘီလီယံ ဖိုး) မှာယူခဲ့ပြီး နောက်နှစ်လ အကြာမှာ ရုရှားလုပ် ဂျက်တိုက်လေယာဉ် ၁၂ စီး ($ ၁ ဘီလီယံဖိုး) ထပ်မံဝယ်ယူခဲ့တယ်။ မလေးရှားကတော့ တရုတ်အစိုးရအပေါ် စိုးရိမ်သောကရှိကြောင်း ပေါ်ပေါ်ထင်ထင် သိပ်မပြောပေမယ့် စကောပီနဲရေငုပ်သင်္ဘော သစ်တွေကို ဘော်နီယိုကျွန်း နားမှာချထားဖို့ ဗျူဟာမြောက် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်တယ်လို့ သတင်းတွေ ကဆိုပါတယ်။

တရုတ်အစိုးရရဲ့ ခြေဆန့်လက်ဆန့် အင်အားပြသမှုကြောင့် ဖြစ်ပေါ်လာတဲ့အခင်းအကျင်းမှာ အဓိက အကျိုးခံစားရသူ အုပ်စုနှစ်မျိုးရှိပါတယ်။ တစ်မျိုးက လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေပါ။ ( တရုတ်အပေါ် စိုးရိမ်သောကဖြစ်မှုကြောင့် အာဆီယံနိုင်ငံ များလက်နက် ၀ယ်ယူစုဆောင်းကြတာ ဖြစ်ပါတယ်) နောက်တစ်ဦးက အမေရိကန်အစိုးရပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း နျူကလီးယား ပါဝါသုံး အမေရိကန် လေယာဉ်တင်စစ်သင်္ဘော George Washington ဗီယက်နမ်ရေပိုင်နက်တွင်းထိရောက်ရှိလာပြီး ဗီယက်နမ် နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုက အတိတ်ရန်သူတော်နိုင်ငံနှစ်ခုအကြား ပုံမှန်ပြန်လည်ဆက်ဆံရေး ၁၅ နှစ်မြောက် အထိမ်းအမှတ်ဖြစ်ကြောင်းပြသသလို ဗီယက်နမ်အနေနဲ့ အမေရိကန်နဲ့ဆက်ဆံရေးနီးကပ်မှုကိုလိုလားကြောင်း တရုတ်တို့ကို မက်ဆေ့ခ်ျ ပေးချင်တာလည်း ဖြစ်ပါတယ်။

ဓနဥစ္စာနဲ့ အင်အားကြီးထွားလာတဲ့ တရုတ်ပြည်ကြီးကို အာဆီယံနိုင်ငံတွေက မိတ်ဝတ်မပျက် သတိနဲ့ဆက်ဆံ နေရချိန်မှာ အမေရိကန်အနေနဲ့ တရုတ်နဲ့သူတို့အကြား ထိန်းညှိရေးဘွာတိုင်အဖြစ်တည်ရှိနေဖို့ အာဆီယံနိုင်ငံ များက လိုလားနေတာပါ။

နောက်တစ်ချက်က အာဆီယံနိုင်ငံတွေ လက်နက်အပြိုင်ဝယ်ယူနေကြခြင်းဟာ တရုတ်အစိုးရအပေါ် စိုးရိမ် သောကဖြစ်မှု တစ်ခုတည်းသက်သက်အတွက် မဟုတ်ဘဲ သူတို့နိုင်ငံအချင်းချင်းကြားမှာ တစ်ဦးကိုတစ်ဦး မယုံမကြည်ဖြစ်နေတာလည်း ပါပါတယ်။ ထိုင်းနဲ့မလေးရှား နယ်စပ်မှာရှိတဲ့ ခြောက်နှစ်ကြာ အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုကို ရင်ဆိုင်နေရချိန်မှာ ထိုင်း-မြန်မာ ဆက်ဆံရေး၊ ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးကလည်း မကြာခဏဆိုသလို ရန်လိုမှုတွေ ရှိနေပါတယ်။

ယုံကြည်နိုင်လောက်တဲ့ သတင်းရပ်ကွက်အဆိုအရ ပြီးခဲ့တဲ့နှစ်မှာ မလေး-အင်ဒို ရေပိုင်နက်နယ်နိမိတ်ကြား ဆက်ဆံရေးတင်းမာမှုတွေဖြစ်ခဲ့ပြီး အင်ဒိုနီးရှားရေကြောင်းအရာရှိသုံးဦး ဖမ်းဆီးမခံရမီမှာ မလေးရဲကင်း လှည့်ရေယာဉ်က သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

နောက်ထပ်ဆင်ခြေတစ်ခုကတော့ အာစီယံဗိုလ်ချုပ်တွေ လက်နတ်ဝယ်ကြတာဟာ သူတို့မှာ ၀ယ်နိုင်တဲ့ ငွေကြေးအင်အား ရှိလို့ပါ။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍက အရေးပါ နေဆဲဖြစ်ပါတယ်။ မြင်သာတဲ့ ဥပမာကိုပြပါဆိုရင် ဗမာပြည်မှာ အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက တိုင်းပြည် GNP ရဲ့ သုံးပုံတစ်ပုံလောက်ကို စစ်ရေးအသုံးစရိတ်အဖြစ် သုံးဖြုန်းပစ်နေပါတယ်။ နောက်ထပ် ဥပမာကတော့ ၂၀၀၆ ခုနှစ်မှာ တရားဝင်ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်တဲ့အချိန်ကစပြီး ထိုင်းစစ်တပ်ရဲ့ စစ်ရေးအသုံး စရိတ်ပမာဏဟာ ၅.၅ဘီလီယံအထိ မူလထက်နှစ်ဆကျော်မြင့်တက်လာခဲ့ပါတယ်။ အဲဒီကာလမှာ ယာယီ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အဘီဆစ်ဝိချာချီဝ အနေနဲ့ စစ်တပ်ရဲ့ သစ္စာခံမှုကိုရအောင်အပေးအယူ လုပ် ခွင့်ပြုခဲ့တာ ဖြစ်ပုံရပါတယ်။

အရှေ့တောင်အာရှနိုင်ငံအစိုးရတွေအနေနဲ့ စစ်လက်နက်ဖြည့်တင်းမှုပြုလုပ်ရာမှာ သူတို့ပြည်သူတွေ အတွင်း သာမကဘဲ အခြားသက်ဆိုင်သူတွေပါ သိအောင်ပွင့်ပွင့်လင်းလင်းလုပ်ဆောင်ဖို့လိုအပ်တယ်လို့ Wezeman ကပြော ပါတယ်။

မိမိတို့ဘာလက်နတ်တွေဝယ်တယ်၊ ဘယ်နေရာတွေမှာ ချထားအသုံးပြုမယ်ဆိုတာ ကိုယ့်အိမ်နီးချင်းတိုင်းပြည် တွေကိုအသိပေးပြောပြခြင်းက ငြိမ်းချိမ်းရေးထိန်းသိမ်းမှုမှာ အခရာကျတယ်လို့ Wezeman က တိုက်တွန်း ပြောဆိုခဲ့ပေမယ့် အဲဒီဒေသအတွင်း နိုင်ငံအများစုက သူတို့ရဲ့ ကာကွယ်ရေးစွမ်းရည်နဲ့ သူတို့ဖြစ်ပေါ်နေတဲ့ စိုးရိမ်သောကကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ လက်တွန့်နေပါတယ်။ သူတို့လိုပဲ အိမ်နီးချင်းအင်အားကြီး နိုင်ငံကိုယ်နှိုက်ကလည်း ဒီကိစ္စမှာ ရိုးသားပွင့်လင်းမှုမရှိပါဘူး။ “တရုတ်တို့ရဲ့ စစ်ရေးတိုးချဲ့တည်ဆောက်မှု အလားအလာဟာ ကြိုတင်ခန့်မှန်းတွက်ချက်မှု မလုပ်နိုင် လောက်အောင် လျှို့ဝှက်လွန်းလှတယ်” လို့ ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်ကွန်ဂရက်ကို တင်သွင်းတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ သတိပေး ဖော်ပြထားပါတယ်။

ဒီတော့ အရှေ့တောင်အာရှဒေသမှာ မတည်ငြိမ်မှုတွေ တိုးပွားနေတာနဲ့အမျှ လက်နက် ရောင်းဝယ်ရေး လုပ်ငန်း ဟာလည်း ဆက်လက်ရှင်သန်အကျိုးဖြစ်ထွန်းနေဦးမှာဖြစ်ကြောင်း ဆောင်းပါးရှင်က ခန့်မှန်း တွက်ချက်ဖော်ပြ ထားတာကို တင်ပြလိုက်ရပါတယ်။

Source- Military Maneuvers by Andrew Marshall, Time Sept 27, 2010

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers