ဇူလိုင် ၃၀-၂၀၁၁ -- ကချင်ပြည်နယ် အနောက်ပိုင်း ကားမိုင်းမြို့တွင် အသုဘအတွက် မြေမြုပ် သင်္ဂြိုလ်ရန် မြေကျင်းတူးနေသော လူ ၈ ဦးအား ယနေ့ ဇူလိုင် ၃၀ တွင် မြန်မာစစ်တပ် ခလရ (၅၈) မှ ပေါ်တာဆွဲသွားသည်ဟု ဒေသခံများမှ တဆင့်သိရသည်။

ကချင်ပြည်နယ် ဖားကန့် မြို့နယ် မော်မောင်ဘွမ် (Maw Mau Bum) တွင် ဒေသခံပြည်သူ ၆၀ ခန့်အား တနိုင်းမြို့နယ် ဒွမ်ဘန်နယ်မြေခံ ခလရ (၁၈၉)မှ မြန်မာစစ်သားများက ဇူလိုင် ၂၆ ရက်၊ ယမန်နေ့ည ၁၀ မှ ၁၁ နာရီ ကြား မေးမြန်းစုံစမ်းခြင်းမရှိဘဲ ဖမ်းဆီးသွားသည်။

ဇူလိုင် ၂၇ ရက၊် ယနေ့ နံနက်တွင် ၎င်းတို့အား မှန်လုံကား ၃ စီးဖြင့် မြစ်ကြီးနားသို့ခေါ်ဆောင် သွားသည်ဟု ဒေသခံများပြောသည်။

ဇူလိုင် ၂၇ ရက်၊ ယနေ့ည ၆ နာရီနောက်ပိုင်း ကချင်ပြည်နယ်အနောက်ပိုင်း ဆင်ဘိုမြို့နယ် ဘန်ဒန်ကျေးရွာတွင် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်တပ်က မိုင်းနင်းမိကာ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိသည်ဟု KIO အရာရှိများပြောသည်။

ဇူလိုင် ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှတဆင့်သိရသည်။

ဇူလိုင် ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှတဆင့်သိရသည်။

By:KNG news

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers