by Jade Land on Wednesday, August 17, 2011 at 10:30pm

-

ဒီနေ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာအညောင်းဆုံးနိုင်ငံကတော့ တရုတ်ပြည်ပဲဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံကို ဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာ အာဏာရှင်အစိုးရအနေနဲ့ အားကိုးရှာတော့ အိမ်နီးချင်းတရုတ်ပြည်ကို သွားတွေ့ပါတယ်။ အဲ့ဒီတည်းက တရုတ်ရဲ့ ဗီတိုမဲ တစ်မဲရဖို့အရေး တရုတ်တွေ တောင်းဆိုသမျှ လိုက်လျောခဲ့ရပါတယ်။ နိုင်ငံရဲ့ သယံဇာတ အားလုံးနီးပါး တရုတ်ကို အောက်ကြေးနဲ့ထိုးရောင်းရသလို ကိုးကန့်နဲ့ ဝ တိုင်းရင်းသားတွေကို အကြောင်းခံပြီး တရုတ်ပြည်ဘက်က လှိမ့်ဝင်လာတဲ့ တရုတ်တွေကိုလဲ လက်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးမြို့ကြီးဟာ ကိုးကန့်၊ ဝ စတဲ့ တိုင်းရင်းသားအမည်ခံဝင်ရောက်လာကြတဲ့ တရုတ်တွေကြောင့် တရုတ်ပြည် အငယ်စားနီးပါး ဖြစ်လာ ပါတော့တယ်။ လူဦးရေ သောင်းဂဏန်းတောင်မရှိတဲ့ ကိုးကန့် ဝ တိုင်းရင်းသားတွေဟာ ဘာကြောင့်များ မန္တလေးတစ်မြို့တည်းတင် သိန်းနဲ့ချီရှိနေရတာလဲဆိုတာ စဉ်းစားစရာပါ။

-

ဝင်ရောက်လာတဲ့ တရုတ်တွေအပေါ်မှာ ဒေသခံတွေအနေနဲ့ ဆန့်ကျင်မှု မရှိခဲ့ပါဘူး။ ကွန်မြူနစ်ပင်ဖြစ်သော်လည်း တရုတ်များအနေနဲ့ ဗုဒ္ဓဘာသာ ကိုလဲ လက်ခံနိုင်တဲ့အတွက် ယှဉ်တွဲနေထိုင်ရေးမှာလဲ ပြဿနာမရှိခဲ့ပါဘူး။ စီးပွားရေး ကျပ်တည်းနေတဲ့ ဒေသခံတွေရဲ့ အိမ်ခြံမြေတွေကို ဈေးကောင်းပေးဝယ် ကြတဲ့အတွက် ကယ်တင်ရှင်တွေလို ဖြစ်လာပါတယ်။ ပြီးတော့ တရုတ်လူမျိုးပိုင် လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ရလာကြတဲ့ အတွက် တကော(အကိုကြီး)၊ ညန်း ညန်း(ဒေါ်လေး) စတဲ့ တရုတ်အသုံးအနှုန်းလေးတွေဟာလည်း ဒေသခံတွေရဲ့ အသုံးအနှုန်းတွေ ဖြစ်လာပါတော့တယ်။ မန္တလေးသားမှန်ရင် ခေါက်ဆွဲစားတဲ့အခါ တူကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်နိုင်တဲ့ အလေ့အထလေးတွေလဲ ဖြစ်လာပါတယ်။ ဒီအထိ ဒေသခံနဲ့ နောက်ပိုင်း ဝင်လာတဲ့ တရုတ်တွေကြားမှာ ပြဿနာမရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

-

-

တရုတ်တွေ ဝင်လာတဲ့ ရန်ကို သတိထားမိတဲ့ အုပ်စုတွေလဲ ရှိခဲ့ကြပါတယ်။ နောင်တစ်ချိန်မှာ မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်ပြီး တရုတ်တွေက ဝါးမျိုသွားလိမ့်မယ်လို့ အပြင်းအထန် ကန့်ကွက်တဲ့ အုပ်စုတွေလဲရှိပါတယ်။ တရုတ်ပြည်နီးပါး ဖြစ်လာပါတော့တယ်။ နိုင်ငံရေးနဲ့ စာနယ်ဇင်းလောကမှာ နာမည်တစ်လုံးရှိခဲ့သူ လူထုဒေါ်အမာဟာ ဒီကိစ္စတွေကို အစောကြီးတည်းက ကြိုတင်သတိပေးခဲ့ပါတယ်။ အောင်ပင်လယ်ဆူးငှက်နဲ့ အခြားစာရေးဆရာများ ကလဲ တရုတ်အန္တရာယ်ကို တောက်လျှောက် ထောက်ပြခဲ့ကြပါတယ်။

-

နောက်တစ်ခုကတော့ ကိုးကန့်၊ ဝ ငြိမ်းချမ်းရေးအဖွဲ့အမည်ခံပြီး သောင်းကျန်း ချင်တိုင်း သောင်းကျန်း၊ ဗမာလူထုကို ရိုင်းပျစွာ ဆက်ဆံတဲ့ တရုတ်တွေကို မကျေနပ်ကြတဲ့ ဒေသခံတွေပါ။ ဒေသခံတွေအနေနဲ့ တရုတ် တစ်ယောက်နဲ့ ပြဿနာတက်ရင် ငြိမ်းချမ်းရေးကို နှောင့်ယှက်သူအဖြစ် အမှုပတ်ပါတယ်။ ငွေအင်အားတတ်နိုင်တဲ့ တရုတ်တွေကြောင့် ဒေသခံတွေအနေနဲ့ တရုတ်တွေနဲ့ တရားတဘောင် ရင်ဆိုင်ခြင်း မပြုနိုင်ကြပါဘူး။ ဒါကြောင့်လည်း တရုတ်မုန်းတီးရေး အုပ်စုတွေဟာ အားမကောင်းသော်လည်း အတိုင်းအတာတစ်ခုထိ ရှိနေကြ ပါတယ်။

-

မကြာသေးမှီကတော့ မန္တလေးမှာ တရုတ်ကုန်သည် အုပ်စုနဲ့ ဗမာဒေသခံတွေ တင်းမာမှုဖြစ်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ဒေသခံတွေအတွင်းမှာ တော်တော်ကျယ်ပြန့်လာပါတယ်။ အရင် အတူ ယှဉ်တွဲနေထိုင် ခဲ့သမျှ နောက်ပိုင်းဝင်လာတဲ့ တရုတ်တွေရဲ့ မောက်မာရိုင်းစိုင်းမှု၊ တရုတ်အလုပ်ရှင်နဲ့ ဗမာအလုပ်သမား တွေပြဿနာ စသည်ဖြင့် ကိစ္စမျိုးစုံဖြစ်နေခဲ့တာတွေက ကျောက်ဝိုင်းမှာ ပေါက်ကွဲလုနီးနီး ဖြစ်သွားခဲ့ပါတယ်။ ဒေသခံတွေ အနေနဲ့ စီးပွားရေးနိမ့်ပါးနေတာ၊ အစိုးရအပေါ်မှာ မကျေနပ်ချက် အတိုင်းအတာ တစ်ခုထိ ရှိနေတာစသည်ဖြင့် အတွင်းကြိတ် ဖြစ်နေတဲ့ ဒေါသတွေဟာတရုတ်လူမျိုး တွေဘက် မြှားဦးလှည့် သွားပြန်ပါတယ်။

-

ဒီကြားထဲမှာ မြန်မာတစ်ပိုင်းဖြစ်နေတဲ့ ဒေသခံ တရုတ်များကလဲ နောက်ဝင်လာတဲ့ တရုတ်တွေ အပေါ်မှာ အမြင်ကြည်လင်မှုမရှိကြပါဘူး။ နောက်ဝင်လာတဲ့ တရုတ်တွေက အစိုးရဌာနတွေမှာ အစစအရာရာ ငွေပေးပြီးလုပ်ကြတော့ မြန်မာအစိုးရ ဝန်ထမ်းများက ဒေသခံ တရုတ် တွေကိုလဲ လာဘ်ငွေအဆမတန်တောင်းပါတယ်။ ဒါကြောင့် ရိုးသားစွာ လုပ်ကိုင်စားရတဲ့ ဒေသခံ တရုတ်တွေကလဲ နောက် ဝင်လာတဲ့ တရုတ်တွေကို အမြင်မကြည်ကြပါ။

-

-

အခုနောက်ပိုင်းမှာတော့ တရုတ်ပြည်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ ရေကာတာတည်ဆောက်မယ့် ကိစ္စကို အထူးပြုပြောဆိုလာကြပါတယ်။

-

ဧရာဝတီမြစ်ကြီး ပျောက်သွားနိုင်တဲ့အတွက် မြန်မာပြည်သူတွေ ကြားထဲမှာ ဒီရေကာတာကိစ္စကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုတွေ များလာပါတယ်။

-

မြန်မာအစိုးရကို မဆန့်ကျင်ရဲတဲ့ မြန်မာပြည်သူတွေဟာ တရုတ်အစိုးရကို မုန်းတီးမှု ပိုမို များပြားလာပါတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ တရုတ်ပြည်ဘက်ပို့မယ့် ဓာတ်ငွေ့ပိုက်လိုင်းအတွက် လယ်မြေတွေ အသိမ်းခံရတာ၊ ရွာတွေ အရွှေ့ခံရတာဆိုတဲ့ သတင်းတွေကြောင့်လည်း တရုတ်အစိုးရကို ပိုမို မုန်းတီးလာကြပါတယ်။

-

-

အခုလို တရုတ်အစိုးရကို မုန်းလို့၊ မြန်မာပြည်ထဲက တရုတ်တွေကို မုန်းလို့ဆိုတဲ့ ခံစားချက်တွေကို အသုံးချပြီး နိုင်ငံရေး ကစားဖို့ ပြင်ဆင်လာတဲ့ အုပ်စုတွေလဲ ရှိပါတယ်။ ပြည်ပအခြေစိုက်တွေဟာ လူထုကို လမ်းပေါ်တင်ချင်တဲ့အခါ တရုတ်အစိုးရ ဆန့်ကျင်ရေး၊ မြစ်ဆုံ ရေကာတာ ဆန့်ကျင်ရေးတွေကို လှုံ့ဆော်ပြီး လမ်းပေါ်ရောက်အောင်တင်ပါတယ်။ ပြည်တွင်းအခြေစိုက် နိုင်ငံရေးသမားများကလည်း ပြည်သူထောက်ခံမှုရဖို့ မြစ်ဆုံကိစ္စ၊ တရုတ်တွေ တရားမဝင် ပိုင်ဆိုင်ထားတဲ့ ကိစ္စတွေ စိစစ်ဖို့ ဆိုတာတွေ အသံလွှင့်လာကြပါတယ်။

-

ဒါကို စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကျွန်တော်တို့ ပြည်သူတွေ ကောင်းကောင်း အသုံးချခံရဖို့ရှိပါတယ်။ အသုံးချခံရရင် တရုတ်-မြန်မာ အရေးအခင်းဟာ သေချာပေါက်ကို ဖြစ်တော့မှာပါ။ နိုင်ငံတကာမှာလဲ ဒီလို အရေးအခင်းတွေဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တိုင်းပြည်ကျပ်တည်းတဲ့ တစ်နေ့ နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ဖြစ်နိုင်ဖွယ်ရာ ရှိကိုရှိပါတယ်။ လူမျိုးရေး အဓိကရုဏ်းဖြစ်တဲ့ တိုင်းပြည်တွေဟာ တည်ငြိမ်မှုနည်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်သွားတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဆိုပါ ပြဿနာတွေ ဖြစ်မလာဖို့ဆိုတာ သိမ်မွေ့နက်နဲစွာ ကိုင်တွယ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။

-

ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာ တရုတ်လူမျိုးတွေဟာ သူတို့ကိုယ်သူတို့ ထိုင်း၊ စင်္ကာပူ လူမျိုးတွေအဖြစ်သာ ခံယူကြပြီး တရုတ်လူမျိုးဆိုတာကို ငြင်းပယ်လေ့ရှိပါတယ်။ မိမိနေထိုင်ရာ နိုင်ငံရဲ့ လူမျိုးအဖြစ်သာ ဂုဏ်ယူလေ့ ရှိကြပါတယ်။ ဒါဟာ သူတို့နေထိုင်ရာ နိုင်ငံတွေက တရုတ်လူမျိုးရယ်လို့ ခွဲခြားဆက်ဆံခြင်းမရှိတဲ့အပြင် မိမိနိုင်ငံသားအဖြစ် ဂုဏ်ယူချင်စိတ်ပေါက်လာအောင် မူဝါဒတွေ ပြင်ဆင်ထားလို့ပဲဖြစ်ပါတယ်။ အဓိက အချက်ကတော့ တန်းတူညီမျှ အခွင့်အရေး ပေးထားခြင်းပါပဲ။ တန်းတူရည်တူရှိမှုကြောင့် သူငါ ကွဲပြားမှု မရှိတော့ဘဲ မိမိနေထိုင်ရာ နိုင်ငံသားအားလုံးဟာ တစ်စုတစ် စည်းတည်း ဖြစ်လာကြပါတယ်။

-

မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေအားလုံးကို တရုတ်ပြည်ပြန်ပို့ဖို့ဆိုတာ မလွယ်လှတဲ့ ကိစ္စတစ်ခုပါ။ အချို့ဟာ နယ်စပ်မှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့အတွက် မြန်မာပိုင်နက်က တရုတ်လူမျိုးဟာ မြန်မာနိုင်ငံသား အဖြစ်သာ ရှိနေပါသေးတယ်။ တရုတ်ပြည်ကို နှင်ထုတ်ဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မယ်ဆိုရင်လည်း သန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေ လှိမ့်ဝင်လာမယ့် ပြဿနာကလဲ ရှိပြန်ပါတယ်။

-

ဒါကြောင့် တရုတ် လူမျိုးတွေကို နိုင်ငံသားအဖြစ် သွတ်သွင်းဖို့ ဆိုရင် မြန်မာနိုင်ငံရဲ့ သစ္စာကို ဘယ်လောက်ထိ စောင့်သိရိုသေသလဲ၊ မြန်မာ လူမျိုးအဖြစ် ဘယ်လောက်ခံယူချက်ရှိသလဲဆိုတာတွေနဲ့ တိုင်းတာပြီး နိုင်ငံသားလျှောက်ထားခွင့်ပေးရပါမယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ လုံလောက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ဥပမာ မျိုးရိုးစဉ်ဆက်ဇယားကြည့်ခြင်း၊ မြန်မာစကားနဲ့ မြန်မာစာတတ်မြောက်မှု အကဲဖြတ်ခြင်း၊ တရုတ်လူမျိုး ကောင်းစားရေး အသင်းအဖွဲ့တွေမှာ ပါဝင်ထားခြင်းရှိမရှိ၊ မြန်မာလူမှုရေးနယ်ပယ်မှာ ပါဝင်ထားခြင်းရှိမရှိဆိုတာတွေဖြစ်ပါတယ်။ ဒီလိုအရည်အချင်းနဲ့ ပြည့်စုံသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး မပြည့်စုံသူတွေကိုတော့ နေရပ်ပြန်ပို့ခြင်း၊ ဧည့်နိုင်ငံသားအဖြစ်သာ အသိအမှတ်ပြုခြင်း စသည်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။

-

-

ဒီလိုကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အိမ်နီးခြင်း တရုတ်ပြည်နဲ့လည်း ပြဿနာအချို့ရှိနိုင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ တရုတ်ပြည်ကို မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ တရုတ်လူမျိုးတွေကို အားပေးအားမြှောက်မပြုဖို့၊ အကယ်၍ တရုတ် မြန်မာအရေးအခင်းဖြစ်လာရင် မြန်မာပြည်တွင်းက တရုတ်လူမျိုးတွေ မဆီမဆိုင် အန္တရာယ်ကြုံတွေ့ရမှာဖြစ်သလို တရုတ် ပစ္စည်းတွေ သပိတ်မှောက်တာမျိုးနဲ့ကြုံလာရင်၊ ပြည်သူက အစိုးရကို တရုတ်ပြည်နဲ့ မပတ်သက်ဖို့ ဖိအားပေးလာရင် တရုတ်နဲ့ မြန်မာချစ်ကြည်ရေးကို ထိခိုက်စေမယ့်အပြင် ကုန်သွယ်ရေး နဲ့ အခြားပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း နှစ်နိုင် ငံလုံး အတွက် ထိခိုက်နစ်နာစရာတွေဖြစ်လာမယ်ဆိုတာမျိုးတွေ အစိုးရအချင်းချင်း ညှိနှိုင်းသင့်ပါတယ်။

-

တနေ့တနေ့ အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတဲ့ တရုတ်လူမျိုးပြဿနာကို မထိန်းနိုင်တော့ရင် ဒီပြဿနာဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် မလွဲမသွေ ရောက်ရှိသွားနိုင်တာမို့ နိုင်ငံတော်အစိုးရဟာ ဒီကိစ္စကို သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

-

Credit......http://transparencymyanmar2010.blogspot.com/ ....,

-

-

Share

  • 8 people like this.
    • Moe Naing Thank a lot & let me share Ko Jade Land :)
      about an hour ago · 1 person
    • Tsaw Ra Tsaw chyeju kaba sai lo
      53 minutes ago · 2 people
    • Seng Hpung chyeju kaba sai law shiga a majaw -kia htawng ai chyaw hkingdik jaw nga ai
      52 minutes ago · 1 person
    • Seng Hpung lashio mandalay lam dingran mung nature gas shalai na matu mahkyen ni hpe mu nga ai
      50 minutes ago · 1 person
    • Thant Ko Ko Maung တက်ဂ်ပေးတဲ့အတွက် ကျေးဇူးပါဗျာ ...
      33 minutes ago · 1 person
    • Laza Sannawaung
      ပလေတိုက... ကိုလိုနီစနစ်ကို ဤကဲ့သို့ ပြောသွားတယ်..
      ''သူများနိုင်ငံတွေကို လက်နက်အား၊ လူအား ၊ ငွေအားနဲ့ အချင်းချင်း သတ်ဖြတ်ကြ နောက်ပြီး နိုင်လို့ ရှိရင် ကောင်းပ ညွှန့်ပ ဆိုတာတွေကို ယူ၊ သခင်လုပ်ပြီး အုပ်ချုပ်၊ ရှူံးတဲ့သူက မျက်နှာငယ်ငယ်နဲ့ ကျွန်ခံ
      အဲဒါကို သူက သူများနိုင်ငံကို အမုန်းခံပြီး သွားတိုက်စရာမလိုပါဘူးတဲ့လေ...
      ကိုယ့်နိုင်ငံကို ကိုယ်က တိုးတက်ခေတ်မီအောင် လုပ်ရင် သူတို့ဟာ သူတို့ ကျွန်လာခံကြလိမ့်မယ်တဲ့ ။ လက်နက်တွေနဲ့ တိုက်စရာ မလိုပါဘူးတဲ့လေ"

      အခုတော့ ကိုယ့်နိုင်ငံက ဆင်းရဲ ခေတ်မမှီတော့ သူများတွေက ငွေထုတ်ပိုက်ပြီး
      သခင်လာလုပ်နေတယ်ကွာ... ကျွန်ခံပေအုံးပေါ့ကွာ ပြည်မြန်မာကြီး.. နာတို့ကလည်း ပြည်ပမှာ ကျွန်ခံနေရတယ်...

      မြန်မာပြည်ကြီး မြန်မြန်တိုးတက်ပါစေ။ ။
      30 minutes ago · 1 person
    • Thant Ko Ko Maung မိတ်ဆွေကြီး Ko Zam ရဲ့ နုတ်ကလေးကိုလည်း ဖတ်ကြည့်ကြစေချင်ပါတယ် ...

      http://www.facebook.com/note.php?note_id=10150238445613182
      21 minutes ago

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers