Posted by Admin Wednesday, August 31, 2011

မြန်မာနိုင်ငံ၌ ရွှေထွက်ရှိသည့် နေရာ ၂၇၇ နေရာရှိပြီး အများစုမှာ ကချင်ပြည်နယ်တွင် ရှိနေ

by Kachin Development Networking Group (KDNG) on Wednesday, August 24, 2011 at 11:14pm

Sunday, 21 August 2011 19:39

မြန်မာနိုင်ငံတွင် ရွှေကို တိုင်း နှင့်ပြည်နယ် အများစုတွင် တူးဖော် တွေ့ရှိနိုင်သော်လည်း ၁၉၇၆ ခုနှစ် မှ ၂၀၀၄ ခုနှစ်အတွင်း ရှာဖွေတွေ့ရှိသည့် စာရင်းများအရ ၂၇၇ နေရာ ရှိကြောင်း၊ ရွှေထွက်ရှိသည့် နေရာများ အနက်အများစုမှာ ကချင်ပြည်နယ်တွင် ရှိနေကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ရွှေက နေရာ အနှံ့အပြားမှာ ထွက်တယ်လို့ ပြောရမှာပါ။ အနည်းနဲ့အများပဲ ကွာတာပါ။ စာရင်းအရတော့ ၁၉၇၆ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်းမှာ ရွှေထွက်ရှိတဲ့ နေရာ ၂၇၇ ခုရှိတယ်လို့ သိရပါတယ်။ အများစုက ကချင်ပြည်နယ်မှာ ရှိတာပါ။ စာရင်းမှာ မပါသေးတဲ့နေရာတွေလည်း အများကြီး ရှိပါသေးတယ်။ ရွှေထွက်တဲ့နေရာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ၀င်ရောက် ရင်းနှီးမြှုပ်နှံ နေပါတယ်။ ပြည်ပလုပ်ငန်း အချို့လည်း ရှိတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ မိမိ အကျိုးတစ်ခုတည်း မကြည့်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း ထည့်တွက်သင့်ပါတယ်”ဟု ဘူမိဗေဒပညာရှင်တစ်ဦးက ပြောသည်။

“ရွှေရှာတဲ့အခါ စနစ်ကျနမှု၊ နည်းပညာ လိုအပ်ချက်တွေကြောင့် သစ်ပင်တွေဆုံးရှုံးရတယ်။ မြစ်ချောင်းကောတာတွေ ဖြစ်ရတယ်။ ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို သေချာ စနစ်တကျ စွန့်ပစ်မှု မရှိတဲ့အတွက် မြစ်၊ ချောင်းတွေ တိမ်ကောရတယ်။ ရေနေ သတ္တ၀ါတွေ ထိခိုက်မှုရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးတွေ နားမှာရှိတဲ့ ရွှေလုပ်ကွက်တွေ အနေနဲ့ ပိုမိုသတိထားရမှာပါ”ဟုသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

၁၉၇၆ ခုနှစ်မှ ၂၀၀၄ခုနှစ်အတွင်း ရှာဖွေတွေ့ရှိထားသည့် စာရင်းအရ ကချင်ပြည်နယ်တွင် ၁၀၃ နေရာ၊ ကရင်ပြည်နယ်တွင် သုံးနေရာ၊ တိုင်း ဒေသကြီးများဖြစ်သော စစ်ကိုင်း တိုင်းတွင် ၅၄ နေရာ၊ တနင်္သာရီတွင် ခုနစ်နေရာ၊ ပဲခူးတွင် ရှစ်နေရာ၊ မန္တလေးတွင် ၂၈ နေရာ၊ မွန်ပြည်နယ် တွင်လေးနေရာ၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် လေးနေရာ၊ မြောက်ပိုင်းတွင် ၃၂ နေရာ၊ အရှေ့ပိုင်းတွင် ၂၂ နေရာ နှင့် ဧရာဝတီတိုင်းတွင် တစ်နေရာ ရှိကြောင်း သိရသည်။

လက်ရှိ ဧရာဝတီမြစ်ပေါ်တွင်လုပ်ကိုင်နေသော အကြီးစားရွှေတူးဖော်ခြင်းများ

http://www.news-eleven.com/index.php?option=com_content&view=article&id=9889:2011-08-22-07-49-36&catid=45:2009-11-10-07-45-41&Itemid=11

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers