Irrawaddy dam hpe myen hte miwa gaw lawan ngut hkra galaw nga

Posted by Admin Sunday, September 25, 2011

ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ

Ndai npu na gaw myen banau asuya ya maga de na ni a laika re hti yu ga.

အလုပ်ရုံဆွေးနွေးပွဲ

ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၁)

ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ ခေါင်းစဉ်ပါ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း၏ နှုတ်ခွန်းဆက် အဖွင့်အမှာစကား၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များ၏ ဖတ်ကြားသည့် စာတမ်းများအား PDF ဖိုင်ဖြင့် လည်းကောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော သတင်း မီဒီယာများ၏ မေးမြန်းမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များကို ကျေးစေတမန် ပရိတ်သတ်ကြီး အတွက် ပြည့်ပြည့်စုံစုံ တင်ပြပေးလိုက်ပါသည်။

၁၇.၉.၂၀၁၁ ရက်နေ့တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရဲရွာခန်းမ၌ ကျင်းပသည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) "ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ"တွင် ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းက ပြောကြားသည့် နှုတ်ခွန်းဆက် အဖွင့်အမှာစကား

ယနေ့ကျင်းပတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) ကို တက်ရောက် လာကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ ဤ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြသော တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာ အရာထမ်း ဟောင်းများနှင့် တာဝန် ထမ်းဆောင်လျှက် ရှိသော အရာထမ်းများ၊ ဤ၀န်ကြီးဌာန၏ In-house Consultants များဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် AF Colenco၊ ဂျပန်နိုင်ငံ အခြေစိုက် NEW JEC တို့မှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ စာတမ်း တင်သွင်းမည့် မြန်မာနိုင်ငံမှ BANCA ၊ တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် Design Institute တစ်ခုဖြစ်သော CISPDR မှ အတတ် ပညာရှင်များ အားလုံး၊ အခြားသော စာတမ်းရှင်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သပါတယ်။

အရည်အချင်း မြင့်မားပြီး အရည်အသွေး တောက်ပြောင်တဲ့ မျိုးဆက်သစ်များ အဖြစ် မွေးမြူ လေ့ကျင့်ခြင်းနှင့် တဆက်တည်းမှာဘဲ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး လုပ်ငန်းခွင်၌ လည်းကောင်း၊ နေ့စဉ် တွေ့ကြုံ ဖြတ်သန်းနေရတဲ့ဘ၀မှာ ကြုံတွေ့နိုင်တဲ့ ကိစ္စရပ်များနှင့် လည်းကောင်း ဆက်စပ်လျှက် ရှိတဲ့ အထွေထွေ ဗဟုသုတပိုင်း ဆိုင်ရာများကိုပါ အသိအမြင် ကြွယ်ဝလာစေမည့် Technical Workshop နှင့် Seminar တွေကို ၀န်ကြီး ဌာနအနေနှင့် စဉ်ဆက်မပြတ် ကျင်းပပေးလျှက် ရှိတယ်၊ ယခုဆိုလျှင် ဤ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း၌ တတိယအကြိမ် အဖြစ် ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကို ရေအား လျှပ်စစ် စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဟူ၍ ဦးစီးဌာန (၂)ခု၊ လုပ်ငန်းဌာန (၁)ခုတို့ဖြင့် ဖွဲ့စည်း ထားရှိပြီး၊ ရည်မှန်းချက် တာဝန်ကြီး (၃)ရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။ ရည်မှန်းချက် တာဝန်တွေကတော့-

(က) တည်ဆောက်ဆဲ လျှပ်စစ် စီမံကိန်းများ အမြန်ပြီးစီးရေး၊

(ခ) တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများအား စက်စွမ်းအားပြည့် လည်ပတ်ရန်နှင့် ဓာတ်အား ထုတ်လုပ်ရန်၊

(ဂ) ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသစ်များမှ လျှပ်စစ် ဓာတ်အား တိုးတက် ထုတ်လုပ်ရန်တို့ပဲ ဖြစ်တယ်။

မြန်မာနိုင်ငံဟာ ရေအား သယံဇာတ အရင်းအမြစ် များစွာ ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်သည့် အားလျော်စွာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော ရေအား လျှပ်စစ် စီမံကိန်းများကို အရှိန် အဟုန်နှင့် အကောင် အထည်ဖော်ပြီး၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်စေရေး နည်းလမ်း (၃)သွယ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ နည်းလမ်းတွေကတော့-

(က) ၀န်ကြီးဌာန ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ) ပြည်တွင်း လုပ်ငန်းရှင်များအား B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း၊

(ဂ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုဖြင့် ပြည်ပကုမ္ပဏီများအား J.V/B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်းတို့ ဖြစ်ပါတယ်၊

ဒီလို အရှိန်အဟုန်နှင့် လျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်ခဲ့တာကြောင့်၊ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနဆိုပြီး မဖွဲ့စည်းခင် ၂၀၀၆ ခုနှစ်က နိုင်ငံတော်မှာ တစ်နိုင်ငံလုံး စုစုပေါင်း လျှပ်စစ်စက် တပ်ဆင်အား (၁,၅၄၆.၉) မဂ္ဂါဝပ်သာရှိပြီး၊ ယခု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ အထိမှာ စက်တပ်ဆင်အား (၃,၃၆၀.၉) မဂ္ဂါဝပ် ဖြစ်ပေါ် လာတာကြောင့် နှစ်အနည်းငယ် အတွင်းမှာ ရေအား လျှပ်စစ်စီမံကိန်း (၇)ခု ပြီးစီးခဲ့၍၊ စုစုပေါင်း (၁,၈၁၄) မဂ္ဂါဝပ် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလို လျှပ်စစ် ဓာတ်အားများစွာ တိုးတက် လာအောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေ မြောက်များစွာ သုံးစွဲခဲ့ရပါတယ်။ ယခု နိုင်ငံတော်က (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများထက် ပိုအရေးကြီးတဲ့ လူမှုရေး ကဏ္ဍတွေမှာ ဘဏ္ဍာငွေများ သုံးစွဲရန် စီစဉ်ထားတဲ့ အတွက် (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများ အတွက် ဘတ်ဂျက် ဘဏ္ဍာငွေဟာ နောက်ပိုင်းမှာ ရဖို့ အခက်အခဲ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် စက်မှု စီမံကိန်းများ အတွက် လိုအပ်မယ့် ဓာတ်အားအတွက် B.O.T စနစ်များ ကျင့်သုံးလာရခြင်း ဖြစ်ပါတယ်။ လျှပ်စစ် စီမံကိန်း အသေးစား၊ အလတ်စား၊ အကြီးစားတွေကို ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်လိုတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း မည်သူမဆို လာရောက် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်ခွင့် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ အထက်မှာ ဖော်ပြခဲ့သည့် ဤ၀န်ကြီးဌာန ကိုယ်တိုင် တည်ဆောက်တဲ့ လျှပ်စစ် စီမံကိန်းများ နည်းတူ J.V/B.O.T လျှပ်စစ် စီမံကိန်းများကိုလည်း သတ်မှတ်တဲ့ အချိန်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တိုးတက် ပြောင်းလဲနေတဲ့ အချိန်မှာ စက်မှု ဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး ဒီရည်မှန်းချက် အောင်မြင်ဖို့ အတွက် လျှပ်စစ် ဓာတ်အား တိုးတက် ရရှိရေးသည် အရေးကြီးသော ကဏ္ဍ ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာလည်း လုပ်ရိုး လုပ်စဉ် နည်းပညာရပ် ဆိုင်ရာ Workshop ဖြစ်သော်လည်း ခေါင်းစဉ်က "ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ ဆွေးနွေးပွဲ" ဖြစ်သည့် အတွက်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပညာရှင်များ၊ ပြင်ပ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အငြိမ်းစား ပညာရှင်များကိုပါ ဖိတ်ကြားထားခြင်း ဖြစ်ပါတယ်။ ဒီအပြင် ကြီးမားတဲ့ ရေအား လျှပ်စစ် စီမံကိန်း အများစုဟာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ရှိတာကြောင့် လည်းကောင်း၊ လွှတ်တော် အစည်း အဝေးများနှင့်လည်း တိုက်ဆိုင် နေတာကြောင့် လည်းကောင်း၊ နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များကိုပါ တက်ရောက် လေ့လာနိုင်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သဖြင့် ပြည်သူ အကျိုးရှိစေမယ့် တန်ဖိုးရှိသော အမြင်များ၊ ဆွေးနွေးချက်များ ကျွန်တော်တို့ ရရှိလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ကိစ္စရပ်များကို ပညာရှင် အဖွဲ့ဝင် (၈၀)ကျော်နဲ့ ကိုယ်တိုင် ကိုယ်ကျ အချိန် (၈)လခန့်ယူပြီး၊ ပါဝင် စူးစမ်းလေ့လာ စာတမ်းပြုစု တင်ပြခဲ့တဲ့ Biodiversity and Nature Conservation Association (BANCA) အဖွဲ့က EIA/SIA ကိစ္စရပ်များနှင့် ဒီသက်ရောက်မှုများ အပေါ်မှာ ဘာတွေ လုပ်ပေးပါ၊ လုပ်သင့်တယ် ဆိုတဲ့ အကြံပြုချက် Recommendation များနှင့် စီမံကိန်းများကြောင့် ရရှိမယ့် အကျိုး ကျေးဇူးများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် လေ့လာမှုနှင့် ပတ်သက်လို့ BANCA အပြင် အခြား အဖွဲ့အစည်း (၅)ခုမှလည်း ပညာရှင် အင်အား (၁၅၀) ကျော်နှင့် အပိုင်းလိုက် လေ့လာခဲ့တာ ဖြစ်၍ သဘာဝ ပတ်ဝန်းကျင် လေ့လာမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကိုလည်း မကြာခင်မှာ ထုတ်ပြန် တင်ပြသွားမှာ ဖြစ်ပါတယ်။

စီမံကိန်းဆိုင်ရာ ဒီဇိုင်းအတွက် တာဝန်ယူ ရေးဆွဲခဲ့တဲ့ တရုတ်နိုင်ငံ အခြေစိုက် CPI ကုမ္ပဏီနှင့် Changjing Institute of Survey, Planning. Design & Research (CISPDR) တို့ကလည်း ယင်းတို့ ဆောင်ရွက်ခဲ့သည့် ကဏ္ဍ အသီးသီးနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

စီမံကိန်းဆိုင်ရာ Financial Analysis ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ရေအား လျှပ်စစ် စီမံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အကျဉ်းချုပ် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ စီမံကိန်း လုပ်ဆောင်ခွင့် စာချုပ် JV Agreement ကို အခွန်အခ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေး ဆိုင်ရာ စိစစ်မှု အနေဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန၊ ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှေ့နေချုပ်ရုံး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ စစ်ဆေး အတည်ပြု ချက်များဖြင့် လည်းကောင်း။ အစိုးရအဖွဲ့၏ အစည်းအဝေး ခွင့်ပြုချက်ဖြင့် လည်းကောင်း ဥပဒေ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကောင်းကျော်စေကုမ္ပဏီ ဥက္ကဋ္ဌ၊ ဦးထွန်းနိုင်အောင်မှ ရေအား လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သည့် Clean Development Mechanism (CDM)၊ Certified Emissions Reductions (CERs) နည်းပညာရပ် ဆိုင်ရာ စာတမ်း ကိုလည်း ဖတ်ကြား တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဧရာဝတီ မြစ်ကြောင်း ဆိုင်ရာ လက်ရှိအခြေ အနေနှင့် ဆက်လက် ဆောင်ရွက် သင့်သော လုပ်ငန်းများနှင့် ပတ်သက်၍ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လေ့လာ တင်ပြချက် စာတမ်းကို ပို့ဆောင်ရေး ၀န်ကြီးဌာနမှ လည်းကောင်း၊ ဧရာဝတီမြစ်ဖျား၊ မြစ်လယ်၊ မြစ်အောက်ပိုင်း ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဧရာဝတီ မြစ်ကြောင်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု သက်သာစေရန် သစ်တောများ ထိန်းသိမ်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်း စာတမ်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့မှ လည်းကောင်း ပညာရှင်များက စာတမ်းများ အသီးသီး ဖတ်ကြားသွားမှာ ဖြစ်သည့်အပြင် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ကြသော ပုဂ္ဂိုလ်များမှ ဤနည်းပညာ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တင်သွင်းတဲ့ စာတမ်းများအပေါ် အကြံပြု ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ပေးရန်လည်း ဖိတ်ခေါ်လိုပါတယ်။

စာတမ်းများ အသီးသီး ဖတ်ကြားပြီးချိန်တွင် ပါဝင် အကြံပြု ဆွေးနွေးခြင်း၊ စာတမ်းများနဲ့ သက်ဆိုင်တဲ့ ထပ်ဖြည့် ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်နိုင်ရန်လည်း အချိန်(၁)နာရီခန့် ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ အဆိုပါ ခွင့်ပြုချိန် အတွင်း သိလိုသည့် မေးခွန်းများအား မေးမြန်းခြင်း၊ အမြင်ချင်း ဖလှယ်ခြင်းများ ပြုလုပ် သွားကြရန်ကိုလည်း ပန်ကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ယနေ့ ကျင်းပတဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လုပ်ငန်း တာဝန်များ မအားလပ်သည့် ကြားမှ တက်ရောက် ပေးကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့်တကွ တက်ရောက် လာကြသည့် ပုဂ္ဂိုလ်အားလုံးကို အထူး ကျေးဇူးတင် ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ မေးခွန်းနှင့် အဖြေများ

အလုပ်ရုံဆွေးနွေးပွဲ စာတမ်းများ

0 comments

Post a Comment

Pages

Burmese troops kill unarmed Kachin civilian

Rawt malan

Rawt malan

Labels

Announcements (9) cartoon (1) contact (1) Document (3) Education (1) English (1) Event (1) Hti Hpa (1) interview (3) invitation (3) laikangau (41) MAHKAWN (2) Mail (1) masa (1) Mungga (2) new (2) news (148) ning mu (2) photo (6) refugee (2) Shiga (2) special (2) Sumla (1) video (32) web (2)

Love Kachin (KIA)Myutsaw shayi

Love Kachin (KIA)Myutsaw shayi

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

IrraWaddy Not For Sale

IrraWaddy Not For Sale
မြစ်ဆုံ ရေကာတာ ဆက် မဆောက်ဖို့

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး

ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
Read More Click on photo

Malawm

Htet dat na

archive

Blogumulus by Roy Tanck and Amanda FazaniInstalled by CahayaBiru.com

Label Category

Followers