-
ကချင်ပြည်နယ် ပြည်တွင်းစစ်ဘေးဒဏ်သင့် ပြည်သူများ အရေးတကြီးလိုအပ်နေသည့် ဆေးဝါးနှင့်အစားအစာများ ကူညီပေးပို့ နိုင်ရန်အတွက် ရန်ပုံငွေပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့တွင် First Baptist Church မှာ ကျင်းပသွားမယ်လို့  သိရပါတယ်။ Los Angeles မြို့ ရှိ ကချင်၊ ရခိုင်၊ ရှမ်း၊ ချင်း တိုင်းရင်းသားအဖွဲ့ အစည်းများ၊ မြန်မာ ခရစ်ယာန် အသင်းတော်များ နဲ့  ပြည်သူ့ဂုဏ်ရည်အသင်း (L.A) တို့ ပူးပေါင်းပါဝင်ကြမှာဖြစ်ပြီး တတတ်တအား ၀ိုင်းဝန်းကူညီလက်တွဲကြဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။
-
ဒီ ရန်ပုံငွေပွဲမှာ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ စားသောက်ဖွယ်ရာများ၊ ရိုးရာဂီတဖျော်ဖြေမှုများနဲ့ဧည့်ခံသွားမယ်လို့လဲ သိရပါတယ်။ ရန်ပုံငွေများကို KAA (Kachin Association of American) မှတဆင့် နယ်စပ်ဒုက္ခသည်စခန်းများသို့  တိုက်ရိုက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
-
-
ကချင်ပြည်နယ်၊ လိုင်ဇာအခြေစိုက် RANIR (ကချင်ဒုက္ခသည်အကူအညီပေးကွန်ယက်) ရဲ့ စက်တင်ဘာလ (၁) ရက်နေ့ စာရင်းအရ နေရပ်စွန့် ခွာ လာသူပေါင်း ၂၁၂၀၁ ဦး ရှိနေပါတယ်။
by:မိုးမခအထောက်တော် အယ်လ်အေ၊ စက်တင်ဘာ ၅၊ ၂၀၁၁
0 comments